မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၅ နှစ်အတွင်း ကလေးနှင့် အမျိုးသမီးအပါအဝင် ဒေသခံ ၄၀ သေဆုံး

မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၅ နှစ်အတွင်း ကလေးနှင့် အမျိုးသမီးအပါအဝင် ဒေသခံ ၄၀ သေဆုံး

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခဲ့ရာ ငါးနှစ်တာအတွင်း ကလေးသူငယ်နှင့် အမျိုး သမီးအပါအဝင် ဒေသခံပြည်သူ ၄၀ သေဆုံးပြီး ၁၂၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်မှစ၍ ယခုလ ဩဂုတ် ၃ ရက်အထိ စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၇၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သည်ဟု မင်းတပ်မြို့ပအဖက ၎င်းတို့ ပြုစုထားသော စာရင်းများအရ ယနေ့ ဩဂုတ်လ ၂၃ ရက်မှာ ထုတ်ပြန်သည်။

မင်းတပ်မြို့နယ်က လေကြောင်းတိုက်ခိုက်မှုများတွင် ဗုံးအရေအတွက် ၃၂၉ လုံး ဝန်းကျင်အသုံးပြုခဲ့သည်ဟု မင်းတပ် ပအဖက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများအတွင်း ဒေသခံပြည်သူနေအိမ် ၁၇၂ လုံး၊ စာသင်ကျောင်း၊ ဆေးရုံး၊ ဆေးခန်း စသဖြင့် အစိုးရအဆောက်အဦး ၄၀ ခုနှင့် ဘုရားကျောင်း ၊ ဘုန်ကြီးကျောင်း စသည့် ဘာသာရေးအဆောက်အဦး ၁၈ လုံး ထိခိုက်ပျက်စီးသည်ဟု သိရသည်။

လက်ရှိစာရင်းတွင် CDF - မင်းတပ်နှင့် မဟာမိတ်တပ်ဖွဲ့များ၏ မင်းတပ်မြို့သိမ်းတိုက်ပွဲကာလ ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုများကို ထည့်သွင်း ရေတွက်ထားခြင်း မရှိကြောင်း သိရသည်။

၂၀၂၄ ဒီဇင်ဘာလထဲတွင် မင်းတပ်မြို့နယ်ကို CDF - မင်းတပ်နှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...