တမူးမြို့မှာ စစ်မှုထမ်းဖို့နာမည်စာရင်းနဲ့ဖမ်းဆီးတာတွေ လုပ်လာနေတယ်လို့ ဒေသခံတွေပြော

တမူးမြို့မှာ စစ်မှုထမ်းဖို့နာမည်စာရင်းနဲ့ဖမ်းဆီးတာတွေ လုပ်လာနေတယ်လို့ ဒေသခံတွေပြော

အိန္ဒိယ - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့ပေါ်မှာ ပြီးဇူလိုင်လလောက်ကစလို့ နာမည်စာရင်းနဲ့ စစ်မှုထမ်းဖို့ လူသစ်စုဆောင်း ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ တမူးဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

တမူးဒေသခံတစ်ဦးက “ပြီးခဲ့တဲ့လလောက်ကစပြီး ထင်တယ်။ နာမည်စာရင်းနဲ့တကွ ည ၈ နာရီနောက်ပိုင်း အိမ်လာပြီး ဖမ်းဆီးခေါ်သွားတာတွေ ရှိလာနေတော့ စိုးရိမ်နေရတယ်။ ဒီမှာက ပြည်သူ့စစ်မှုထမ်းများတော့ စစ်မှုထမ်းဖမ်းပြီး တချို့က ပြန်လွတ်တာရှိတယ်။ တချို့က ပြန်မလွတ်ပဲ စစ်မှုထမ်းရတာရှိတယ်။ လောလောဆယ် ဆေးသမားအများစုကို စစ်ထဲထည့််တာများတာ တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်တပ်ထောက်ခံအားပေးတဲ့ ပျူစောထီးအားကောင်းတဲ့ တမူးမြို့မှာ ည၈ နာရီနောက်ပိုင်း အပြင်မှာ တွေ့တဲ့ ဘယ်သူကိုမဆိုလည်း ဖမ်းဆီးတာတွေ လုပ်နေတဲ့ကြောင်းကိုလည်း တမူးဒေသခံတွေဆီကနေ သိရပါတယ်။

“ဒီလိုပဲ အိမ်မှာနေကြရတာ ကြောက်လို့ ထွက်ပြေးတိမ်းရှောင်ဖို့ကလည်း မလွယ်ဘူး အိန္ဒိယနဲ့ နီးတယ်ဆိုပေမယ့် တရက်၊ ၂ ရက်လောက်ပဲ သွားရှောင်လို့ ရတာမျိုးမဟုတ်တော့ အိမ်မှာပဲနေတယ်၊ နောက်ပြီး တမူးမှာက တခြားဒေသတွေမှာလို စစ်မှုထမ်း ဖမ်းဆီးတာ သိပ်မကြမ်းဘူးလို့ ပြောလို့ရမယ်ထင်တယ် ဒီမှာက ကိုယ့်သဘောနဲ့ကိုယ်ဝင်တဲ့ စစ်တပ်ထောက်ခံသူတွေ များတော့ ကံဆိုးတဲ့ထဲ ကံကောင်းပြောရမလိုတောင်ဖြစ်တယ်” လို့တမူးဒေသခံ လူငယ်တစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်ကစလို့ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံအနှံ့က သူတို့ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေမှာ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် လူငယ်တွေကို လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ - CJ
September 18, 2026
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း တိုက်ပွဲများ အချိန်မရွေး ပြန်လည်...
ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...