CNO/CNDF ရဲ့ ဒု - အတွင်းရေးမှူးကို ပြန်လွှတ်ပေးလိုက်တယ်လို့ CDF – Hualngoram ကပြော

CNO/CNDF ရဲ့ ဒု - အတွင်းရေးမှူးကို ပြန်လွှတ်ပေးလိုက်တယ်လို့ CDF – Hualngoram ကပြော

CDF – Hualngoram ကဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO / CNDF ) ဒု - အတွင်းရေးမှူးကို သြဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ CDF – Hualngoram က တာဝန်ရှိသူတစ်ဦးက Chin World မီဒီယာကို ပြောပါတယ်။

CDF – Hualngoram တာဝန်ရှိသူတစ်ဦးက “CNO / CNDF ရဲ့ ဒု - အတွင်းရေးမှူးကို မနေ့က နေ့လည် ၂ နာရီမှာ ကျနော်တို့ CDF – Hualngoram ကခေါင်းဆောင်တွေနဲ့ ပါစတာခေါ်ပြီးတော့ သူ့ဘက်က သူ့အမျိုးသမီးနဲ့ သူ့ရဲ့ အဖေကိုခေါ်ပြီးတော့ သူတို့ဆီအပ်တယ်ပေါ့။ ကောင်းကောင်းမွန်မွန်နဲ့ အပ်ပြီး ပြန်လွှတ်ပေးတယ်။ အခုကျနော်တို့ လွှတ်ပေးလိုက်တဲ့သူက တိုက်ပွဲအတွင်း ဖမ်းမိတာမဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ ဒေသကို စုံစမ်းစစ်ဆေးဖို့ ရောက်လာတဲ့အချိန်မှာ ဖမ်းခံရတာဖြစ်တယ်။ ဆိုတော့ စစ်သုံ့ပန်းဥပဒေနဲ့ မသွားဘူး။ ကျနော်တို့ ညီအကို အချင်းချင်းကြားထဲမှာ ညီညွတ်မှုကို ပိုရှိစေချင်တယ်။ ဒါကြောင့် သူ့ကို ချွမ်းချက်မရှိ ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့တုန်းက အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ်၊ရိခေါဒါရ်မြို့မှာ CDF – Hualngoram တပ်ဖွဲ့နဲ့ CNO / CNDF အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ကြပြီး အဲဒီတိုက်ပွဲတုန်းမှာ CDF – Hualngoram တပ်ဖွဲ့က ရဲဘော် ၄ ဦးနဲ့ အရပ်သား ၁ ဦးကို CNO / CNDF ဘက်က ဖမ်းဆီးထားဆဲဖြစ်ပြီး ပြန်လွတ်လာအောင် နှစ်ဖက်တပ်ဖွဲ့အကြား ညှိနှိုင်းဆွေးနွေးနေတယ်လို့ CDF – Hualngoram တာဝန်ရှိသူက ပြောပါတယ်။

“လက်ရှိ ကျနော်တို့ဆီမှာ CNO / CNDF နဲ့ ပက်သက်တဲ့ တပ်သားတွေဖြစ်ဖြစ် အခုမရှိတော့ပါဘူး။ အရင်နှစ်ပတ်တုန်းကလည်း CNO ကို ပါဝင်ကူညီနေတဲ့သူတွေကိုလည်း ခေါ်ယူမေးမြန်း စစ်ဆေးပြီးတော့ အကုန်လုံး ပြန်လွှတ်ပေးလိုက်ပြီ ဒါပေမယ့် တိုက်ပွဲအတွင်းမှာ ဖမ်းဆီးခံရတဲ့ ကျနော်တို့ ရဲဘော် ၄ ယောက်နဲ့ အပြစ်မဲ့အရပ်သားပြည်သူ ဗန်လားလွန်အာကိုတော့ သူတို့ ဖမ်းဆီးထားတာ ရှိသေးတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းဆွေးနွေးနေတာ ရှိတယ်” CDF – Hualngoram လို့ပြောပါတယ်။

ဖလမ်းမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ HPO / CDF – Hualngoram တပ်ဖွဲ့ဟာ Chinland CounciL အဖွဲ့ဝင်ဖြစ်ပြီး CNO / CNDF တပ်ဖွဲ့က ချင်းညီနောင်အဖွဲ့ဝင် ဖြစ်ကြပါတယ်။

ဓာတ်ပုံ - CJ
September 18, 2026
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း တိုက်ပွဲများ အချိန်မရွေး ပြန်လည်...
ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...