စစ်ရေး အရေးပေါ် လိုအပ်ချက် အတွက် “ ညီညွှတ်သော ကရင်နီတပ်ပေါင်းစုံမှ အောင်မြင်ခြင်းဆီသို့” ဆိုတဲ့ ကမ်ပိန်းတစ်ခုကို ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ က ပြုလုပ်

စစ်ရေး အရေးပေါ် လိုအပ်ချက် အတွက် “ ညီညွှတ်သော ကရင်နီတပ်ပေါင်းစုံမှ အောင်မြင်ခြင်းဆီသို့” ဆိုတဲ့ ကမ်ပိန်းတစ်ခုကို ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ က ပြုလုပ်

ကရင်နီပြည်မှာ ဖြစ်ပွားနေတဲ့ မြေပြင် စစ်ရေးအခြေအနေနဲ့ ဆက်စပ်ပြီး စစ်ရေးအရေးပေါ် လိုအပ်ချက်တွေအတွက် “ ညီညွှတ်သော ကရင်နီတပ်ပေါင်းစုံမှ အောင်မြင်ခြင်းဆီသို့” ဆိုတဲ့ ဘတ်သိန်း (၂၀)ရရှိဖို့ ကမ်ပိန်းတစ်ခုကို ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ (JCS) မှ ပြုလုပ်နေပါတယ်။

ကမ်ပိန်းကနေ ရရှိမယ့် အလှူငွေတွေဟာ စစ်ရေးလုပ်ငန်းတွေမှာ တိုက်ရိုက် စီးဆင်းမှာဖြစ်တာကြောင့် ပူးပေါင်းပါဝင်ကူညီပေးကြဖို့ကိုလည်း ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ရဲ့ စစ်ရေးချုပ် ကိုမာဝီ အခုလို မေတ္တာရပ်ခံထားပါတယ်။

“ကျနော်တို့ ကရင်ပြည်တပ်ပေါင်းစုံ စစ်ဦးစစ်အဖွဲ့ရဲ့ စစ်ဆင်ရေး လိုအပ်ချက်တွေ၊ နယ်မြေအတွင်းမှာရှိတဲ့ စစ်ဆင်ရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ရန်အတွက် “Together For Karenni” ဖေ့ဘွတ်ခ်ပေ့ချ် မှာ ရံပုံငွေ ရှာတဲ့ အခြေအနေလေးလည်း ရှိပါတယ်။ ဒီ “Together For Karenni” က ကျနော်တို့ကရင်နီပြည်ရဲ့ စစ်ဦးစီးအဖွဲ့ကနေ ကွပ်ကဲတဲ့ စစ်ရေးလုပ်ငန်းမှာ တိုက်ရိုက်စီးဆင်းမှာ ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ ပေ့ချ် ဖြစ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက်နေတဲ့သူတွေကလည်း လူမှန်တဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီပေ့ချ်ကနေ ပါဝင်ပေးကြဖို့ ကျနော့အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။ “ လို့ ကိုမာဝီက ဆိုပါတယ်။

ဒါ့အပြင် လူထုတွေ ပါဝင်ကူညီမယ့် အလှူငွေတွေဟာ စစ်ဦးစီးအဖွဲ့မှာရှိတဲ့ ခုခံကာကွယ်သူတွေအတွက် အရေးကြီးတဲ့ အထောက်အပံ့တွေ၊ တိုက်ပွဲဝင်ပေးနေတဲ့ ရဲဘော်တွေအတွက် စားနပ်ရိက္ခာတွေ၊ ဒဏ်ရာရသူတွေအတွက် ဆေးဝါးနဲ့ စောင့်ရှောက်မှုတွေ ၊ ကရင်နီပြည်သူပြည်သားတွေရဲ့ နေအိမ်တွေကို ကာကွယ်ပေးတဲ့ နေရာတွေမှာ အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုပါတယ်။

ကမ်ပိန်းကာလကိုတော့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၆ ရက်ကနေ လာမယ့် စက်တင်ဘာ လ ၃၀ ရက်နေ့အထိ ၁လခွဲကြာ ပြုလုပ်မှာဖြစ်ပါတယ်။

လက်ရှိမှာလည်း မြေပြင် စစ်ရေးအခြေအနေနဲ့ ဆက်စပ်ပြီး စစ်ကော်မရှင်တပ်တွေဟာ မြေပြင်မှာ အင်းအား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို၊ တိုက်လေယာဥ်တွေ၊ နည်းပညာမြင့် လက်နက်တွေနဲ့ တိုက်ခိုက် နေတာကြောင့် ကရင်နီပြည်အတွင်းမှာရှိတဲ့ မိဘ ပြည်သူတွေဟာ ကြောက်ရွှံ့မှု ၊ ဝမ်းနည်းမှုများစွာနဲ့ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

အခုလို ပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်ရာကနေ ကင်းလွတ်ဖို့ နဲ့ ကရင်နီပြည်သူပြည်သားတွေ ရှင်သန်ရေးဟာ စစ်ဦးစီးအဖွဲ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တယ်လို့လည်း “Together For Karenni” ဖေ့ဘွတ်ပေ့ချ်ကနေ ကြေငြာထားတဲ့ ကမ်ပိန်းဗီဒီယို အစီအစဥ်မှာ ကိုမာဝီကပြောဆိုထားပါတယ်။

Most read this week

December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...