ကလေးမြို့မှာ ကျောင်းဆရာ၊ ဆရာမတွေကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေး

ကလေးမြို့မှာ ကျောင်းဆရာ၊ ဆရာမတွေကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေး
Photo - SAC
Photo - SAC

ချင်းတောင်ခြေ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းစစ် ေကာင်စီက Non – CDM ကျာင်းဆရာ၊ ဆရာမတွေကို ရွေးကောက်ပွဲဆိုင်ရာ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်း အစရှိတဲ့ သင်တန်းပေးတာတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ကတည်းကစလို့ သင်တန်းပေးတာတွေ လုပ်ခဲ့တယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ကလေးမြို့ ဒေသခံတစ်ဦးက “Non – CDM တွေဆိုရင် ဟိုဟာပေါ့ အခြေခံကျောင်းက ဆရာ၊ ဆရာမတွေကို ဟိုတလောကပေါ့နော် ပြီးခဲ့တဲ့ ၇ လပိုင်းလောက်က ထင်တယ်။ ရွးကောက်ပွဲအတွက် သင်တန်းပေးတာတွေ ရှိတယ်။ အဲတုန်းက ကလေးအငယ်တွေ ကျောင်းပိတ်တာတွေရှိတယ်။ သင်တန်းပေးတာတွေရှိလို့လေ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ၊ ဝက်လက်၊ စစ်ကိုင်း၊ ကျွန်းလှ၊ ကလေး၊ တမူး ၊ ဟုမ္မလင်း၊ ရေဦး၊ ဘုတလင်၊ ရွှေဘိုနဲ့ ကလေးဝမြို့နယ်တွေမှာ စစ်အုပ်စုက Non – CDM ဝန်ထမ်းတွေဖြစ်တဲ့ ကျောင်းဆရာ၊ ဆရာမတွေ ထွေအုပ် ဝန်ထမ်းတွေ လဝကဝန်ထမ်းတွေကို မလာမနေရဖြင့် ဖိအားပေးကာ အီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်နည်း

သင်တန်းတွေ ပေးနေတယ်လို့လည်း သိရပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ ရွေးကောက်ပွဲ အပိုင်း (၁) အဖြစ် စတင်ကျင်းပမှာဖြစ်တယ်လို့လည်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ သြဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဒေသခံချင်းတိုင်းရင်းသားတွေ ရှိသလို တိုက်ပွဲပဋ္ဋိပက္ခတွေကြောင့် ချင်းပြည်နယ်ကနေ ကလေးမြို့ကို စစ်ဘေးရှောင်နေကြတဲ့ ချင်းတိုင်းရင်းသား လူသောင်းချီအမြောက်အများရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...