ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား
Photo - RMA
Photo - RMA

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို ရာမညမွန်တပ်တော်(RMA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ထုတ်ပြန်ပြောဆိုချက်အရ သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း(၄၀၉)၊(၄၁၀)နှင့် (၂၈၂) မှ အင်အား ၁၅၀ ခန့်ပါသည့် စစ်ကြောင်းသည် ယမန်နေ့ သြဂုတ် ၁၃ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီတွင် တစ်ကြိမ် ဝင်ရောက်လာသဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF က ပြောသည်။

“မနေ့က အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်တပ်ဖွဲ့တွေ မိနစ် ၅၀ ခန့် ထိတွေ့တိုက်ပွဲ ဖြစ်သွားတယ်။ သူတို့ဘက်က အရာရှိ ၁၄ ယောက် သေသွားတယ်။ တော်လှန်ရေး ပူ‌ပေါင်းတပ်ဖွဲ့ဘက်က ၈ ဦး ဒဏ်ရာရတယ်။ ပြည်သူတစ်ဦးထိသွားတယ်” MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုအတွင်း တော်လှန်ရေးပူပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၈ ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သူမက ဆက်ပြောသည်။

အဆိုပါတိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ နည်းဗျူဟာ ၃၃ စစ်ဆင်ရေးတပ်ဖွဲ့၊ ဒေါနတပ်ရင်း (၂ )(YGF)၊ ဒေါနတပ်ရင်း ၃ (KBDF)၊ ကြယ်လင်းရောင်တပ်ရင်း (KTLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၂၇)နှင့် ရာမညမွန်တပ်တော်(NMSP/AD၊RMA) တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့သည် ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံများ ၂ လကြာသည်အထိ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲကြောင့် နေရပ်ပြန်လာသူများလည်းရှိကြောင်း ဒေသခံတွင်းသတင်းအရင်းမြစ်များက ဆိုသည်။

Most read this week

August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...
August 6, 2026
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်...
August 5, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်တစ်ကြောတွင် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ နယ်စပ်...
Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...