ဖောင်းပြင်မြို့နယ်တွင် စစ်ကော်မရှင်ရေယာဉ်အုပ်ကြောင့် ဒေသခံ ၁၀,၀၀၀ ခန့် စစ်ရှောင်

ဖောင်းပြင်မြို့နယ်တွင် စစ်ကော်မရှင်ရေယာဉ်အုပ်ကြောင့် ဒေသခံ ၁၀,၀၀၀ ခန့် စစ်ရှောင်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် ခန္တီးမြို့မှ စုန်ဆင်းလာသည့် စစ်ကော်မရှင်တပ် ရေယာဉ်အုပ်ကြောင့် ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၁၀,၀၀၀ ခန့် နေရပ်စွန့်ခွာစစ်ရှောင်နေရကြောင်း သိရသည်။

ဩဂုတ်လ ၁၄ ရက်နေ့တွင် ဖောင်းပြင်မြို့နယ်သို့ ရောက်ရှိလာသည့် စစ်ကော်မရှင်တပ် ရေယာဉ်စုတွင် စစ်သင်္ဘော ၃၃ စီးပါရှိပြီး ၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့မှ ကျောက်စိမ်းအများစု တင်ဆောင်လာကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“မိုးက မပြတ်ဘူး တဖွဲဖွဲကျနေတယ်။ အိမ်မွေးတိရိစ္ဆာန်တွေ ပါလာတဲ့သူတွေကတော့ အတော်အခက်ကြုံတယ်။ သောက်သုံးရေ သန့်သန့် မရတာက အတော်ဆိုးပါတယ်။ ကလေးငယ်တွေ ဖျားနာတာတွေလည်း ရှိတယ်” ဟု ဖောင်းပြင်ဒေသခံ အမျိုးသားတဦးက ဆိုသည်။

ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးဒေသသည် စစ်ကောင်စီတပ် နှင့် ရှမ်းနီ လက်နက်ကိုင်တပ် (SNA) တို့ ထိန်းချုပ် စိုးမိုးထားပြီး၊ နန်စီပွန် ကျောက်စိမ်းလုပ်ကွက်များမှ ထွက်သည့် ကျောက်စိမ်းများကို သယ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်ရေယာဉ်အုပ်စုက ၁၁ စီးအုပ်စု သုံးဖွဲ့ခွဲပြီး ထွက်လာတယ် ၊ စုစုပေါင်း ၃၃ စီးရှိတယ်။ ကာကွယ်ရေးတပ်တွေ ဘက်က အပစ်ခတ်မရှိပေမဲ့၊ စစ်ရေယာဉ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်” ဟု ဖောင်းပြင် မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုသည်။

အဆိုပါ စစ်ရေယာဉ်အုပ်စုရန်ကြောင့် ဖောင်းပြင်မြို့နယ် အတွင်းက စက်တော၊ စန္ဒား၊ သရောင်း၊ ဆွတ်နန်းမင်းယား၊ ကော့ကန်း၊ ညောင်ပင်သာ၊ နောင်ရင်းကျေး စတဲ့ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၁၀၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရခြင်းဖြစ်သည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...