လော်ခီးလာညီလာခံ၌ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ အဆိုတင်သွင်းခဲ့သည့် အချက် များအားလုံး (၈) ကြိမ်မြောက် NCA အစည်းအဝေး ဒုတိယနေ့ အစည်းအဝေးအပြီးတွင် ဆွေးနွေး

လော်ခီးလာညီလာခံ၌ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ အဆိုတင်သွင်းခဲ့သည့် အချက် များအားလုံး (၈) ကြိမ်မြောက် NCA အစည်းအဝေး ဒုတိယနေ့ အစည်းအဝေးအပြီးတွင် ဆွေးနွေး
by -
မဇ္ဈိမ
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD)တို့၏ ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် NCA ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ အပြီးတွင် လော်ခီးလာညီလာခံ၌ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ အဆိုတင်သွင်းသည့် အချက် (၁၃) ချက်စလုံးအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်ရက်တာ အစည်းအဝေးပြီးသည်အထိ ဆွေးနွေးခဲ့သည့် အချက် ၁၃ ချက်အနက် ၁၀ ချက်အား NCA စာချုပ်တွင် အချောသပ် ညှိနှိုင်းနိုင်ခဲ့ပြီး ကျန်ရှိနေသည့် အချက် ၃ ချက်အနက် ၂ ချက်ကိုလည်း နှစ်ဖက်ခေါင်းဆောင်များအနေဖြင့် ယာယီသဘောတူညီချက် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)တွင် ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲအပြီးတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင် ရေး လုပ်ငန်းဗဟိုဌာန MPC ၏ အထူးအကြံပေး ပုဂ္ဂိုလ်ဦးလှမောင်ရွှေ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD)၏ ဒုတိယ အဖွဲ့ခေါင်းဆောင်(၂) ပူးဇင်ကျံုးနှင့် SD အဖွဲ့ဝင် ဦနိုင်ဟံသာတို့က သတင်းမီဒီယာများအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဇူလိုင် ၂၄ ရက်တွင် ကျင်းပမည့် တတိယနေ့အစည်းအဝေး၌ တိုင်းရင်းသားများဘက်မှ အဆိုပြုထား သည့် NCA စာချုပ် လက်မှတ်ရေးထိုးရာတွင် အားလုံးပါ၀င်နိုင်ရေးကိစ္စရပ်များကို ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

MPC ၏ အထူးအကြံပေး ဦးလှမောင်ရွှေက “တိုင်းရင်းသား လက်နက်ကို်င်ခေါင်းဆောင်တွေ ဇွန်လတုန်းက လော်ခီးလာညီလာခံမှာ အဆိုပြုထားတဲ့ NCA မူကြမ်းအတွက် ပြန်လည်ပြီးတော့ သုံးသပ်ချင်တဲ့ အချက် ၁၃ ချက်လုံးကို နှစ်ရက်တာဆွေးနွေးပွဲ အပြီးမှာ ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ ပါပြီ။ ဆွေးနွေးတဲ့ အချက် ၁၃ ချက်ထဲက ၁၀ ချက်ကတော့ စာချုပ် ချောပြီးသွားပြီ ဖြစ်တဲ့အတွက် သုံးချက်ပဲ ကျန်တယ်လို့ ပြောလို့ရပါတယ်။

အဲဒီအချက်သုံးချက်မှာလည်း ကျန်တဲ့နှစ်ချက်ကို နှစ်ဖက်ခေါင်းဆောင်အစည်းအဝေးအစီအစဉ်ရဲ့ ပထမတစ်ခုဖြစ်တဲ့ NCA စာချုပ်မူကြမ်းကို ညှိနှိုင်းတာ သုံးလေးရက်အတွင်းမှာ ပြီးနိုင်တယ်လို့ ပြောလို့ ရပါတယ်။ ကျန်တဲ့ အစီအစဉ်သုံးခုကတော့ မနက်ဖြန်ညှိနှိုင်းမှုအပေါ်မှာ မူတည်ပါတယ်”ဟု ပြောကြားခဲ့သည်။

အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) ၏ ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျူံးက “ကျွန်တော်တို့ ဆွေးနွေးနေတာက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာစာချုပ် NCA မူကြမ်းထဲမှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ ပြည်ထောင်စု ငြိမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ကြားထဲမှာ ၁၇ လတာ ကာလအတွင်း သဘောတူ ထားခဲ့တဲ့ အချက်တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။

မူကြမ်းထဲမှာပါတဲ့ အချက်တွေထဲက ၁၃ ချက်ကို ကျွန်တော်တို့ ပြင်ဆင်ဖို့ ဆုံးဖြတ်ထားတာရှိပါတယ်။ ဒီ ၁၃ ချက်ကို နှစ်ရက်တာ ကာလအတွင်း ခေါင်းဆောင်တွေကို မေးမြန်းမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...