မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းရွာတွင် မွန်တော်လှန်းရေးနေ့အခမ်းအနား ကျင်းပ

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းရွာတွင် မွန်တော်လှန်းရေးနေ့အခမ်းအနား ကျင်းပ

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဂျပန်ရေတွင်းရွာတွင် ယနေ့ ဝါခေါင်လပြည့်နေ့၌ ကျရောက်သည့် (၇၈) ကြိမ်မြောက်မွန်တော်လှန်ရေးနေ့ အခမ်းအနားကို နယ်စပ်ဒေသအခြေစိုက် မွန်ပြည်သစ်တပ်ရင်းမှ တာဝန်ရှိသူများနှင့် ဒေသခံများကပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်အမျိုးသားအလံနှင့် ကျဆုံးခဲ့သည့် မွန်မျိုးချစ်ခေါင်းဆောင်များအား အလေးပြုခြင်း၊ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီမှ ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်းနှင့် သေနတ်ဖောက်စစ်ရေးပြခြင်းများ ပြုလုပ်ခဲ့သည့် အပြင် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာက သဘာပတိအဖြစ် မိန့်ခွန်းပါဝင် ပြောကြားခဲ့ကြောင်းလည်း သိရသည်။

ဥက္ကဌ နိုင်ဟံသာက ယနေ့မွန်တော်လှန်ရေး အောင်ပွဲရရှိရန် လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးသမားများသာ အဓိကကျသည်မဟုတ်ဘဲ မွန်လူထုတစ်ရပ်လုံးပူးပေါင်းပါဝင်ရန်လည်း မိန့်ခွန်းတွင်တိုက်တွန်းထားသည်။

“တော်လှန်ရေးကို ဒီလိုအချိန်ကောင်းရတဲ့အချိန်မှာ အားစိုက်ပြီး လုပ်သင့်တယ်။ တော်လှန်တဲ့သူတွေက စီးပွားလုပ်နေတဲ့သူတွေမဟုတ်တော့ သူတို့အတွက် ကျည်ဆံ၊ လက်နက်ဝယ်ဖို့က အကူညီရှိမှ ဖြစ်မယ်။ တချို့တွေ တော်လှန်းရေးက ကိုယ့်နဲ့မဆိုင်ဘူးလို့ထင်နေကြတယ်။ တော်လှန်းရေးသမား တွေပဲ ကြိုစားနေရင်မပြီးဘူး။ အဲဒါကြောင့် တိုက်ပွဲဝင်၊ ပစ်ခတ်နိုင်ဖို့က ကျွန်တော်တို့လူမျိုးတွေ မျိုးချစ်စိတ်ရှိရင် အတူတူဝိုင်းဝန်းပါဝင်ကူညီနိုင်မှ အောင်မြင်နိုင်မယ်”ဟု ဥက္ကဌ နိုင်ဟံသာက ဆိုသည်။

ထို့နောက် “မွန်လူမျိုးအားလုံး ညီညွတ်ကြစို့၊ မွန်တို့ကံကြမ္မာ မွန်တို့ဖမ်တီးရေးနှင့် မွန်တော်လှန်းရေး လွှတ်မြောက်အောင်မြင်ရမည်" ဟူသည့် ကြွေးကျော်သံနှင့်အတူ အခမ်းနားပိတ်သိမ်းခဲ့သည်။

ယခုနှစ် မွန်တာ်လှန်းရေးနေ့အခမ်းအနားတွင် ယမန်နှစ်များကဲ့သို့ ဒေသခံပြည်သူနှင့် လူငယ်များ အလေးနက်ထားဝန်းရံပါဝင်မှု မရှိနေကြောင်းလည်း အခမ်းနားတက်ရောက်လာသည့် ဂျပါန်ရေတွင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ကြောင့် မွန်လူမျိုးများ၏ နေ့ထူးနေ့မြတ်နှင့် တော်လှန်းရေးသမိုင်းကြောင်းများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

“ဘာကြောင့် မွန်တော်လှန်းရေးနေ့ကို အဆက်ဆက်လုပ်ခဲ့ကြလဲ ဆိုတော့ ကိုယ့်ရဲ့ လူမျိုးတွေမမေ့အောင် သတိပေးတာ၊ အခုခေတ်လူငယ်တွေ ဒီနေ့ကိုမသိတဲ့သူတွေအများကြီးရှိတယ်။ အဲနေ့က မွန်လူမျိုးတွေ ပထမဆုံးစတင်တော်လှန်းပြီး တောထွက်တဲ့ နေ့ဆိုတာကို အမှတ်ရနေအောင် ကျင်းပတယ်။ ပြီးတော့ သူတိုဘယ်လိုကြိုးစားပြီးပေးဆပ်ခဲ့လဲ၊ အခုခေတ်လူငယ်တွေက ပါဝင်လှုပ်ရှားနိုင်အောင် နှိုးဆော်ပေးတယ်” ဟု ပြောသည်။

ယနေ့ သြဂုတ်(၈) ရက်နေ့တွင် ကျရောက်သည့် (၇၈) ကြိမ်မြောက်မွန်တော်လှန်ရေးနေ့ကို မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်နှင့် အခြားထိန်းချုပ်နယ်မြေအသီးသီးတို့တွင် ကျင်းပခဲ့သည့်အပြင် မွန်ပြည်နယ်တွင်လည်း မြို့နယ်အဆင့်အလိုက် ကျင်းပခဲ့ကြောင်းသိရသည်။

၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့တွင် နိုင်ပန်သာ၊ နိုင်မောင်သိမ်းတို့ ဦးဆောင်ပြီး မျိုးချစ်လူငယ်(၂၇) ဦးတို့မှ ဇာသပြင်ရွာ ကာကွယ်ရေးလက်နက်များကို ဝင်ရောက်သိမ်းဆည်းခဲ့သည်ကို အစွဲပြု၍ မွန်တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့သည်မှာ ယနေ့တွင် (၇၈) နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။

မွန်အမျိုးသားတို့၏ တော်လှန်ရေးသည်  (၇၈) နှစ်တိုင် ကြာမြင့်ခဲ့သော်လည်း မိမိကံကြမ္မာ မိမိ မိမိဖန်တီးနိုင်ရေးအတွက် မွန်လူမျိုးတို့၏ ရည်ရွယ်ချက်များမရရှိသေးသည့်အပြင် ဖိနှိပ်ခံဘဝဖြင့် အခွင့်အရေးများကိုလည်း ချိုးဖောက်ခံနေရဆဲဖြစ်သည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...