ပုလဲတွင် စစ်ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် ဒေသခံ ၁၅,၀၀၀ ခန့် စစ်ရှောင်နေရ

ပုလဲတွင် စစ်ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် ဒေသခံ ၁၅,၀၀၀ ခန့် စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကော်မရှင်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ၁၅,၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း တော်လှန် ရေးအင်အားစုများထံမှ သိရသည်။

ပြီးခဲ့သော ဇွန်လ ၁၉ ရက်နေ့က ပြည်သူ့လွတ်မြောက်ရေးတပ်(PLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များ သိမ်း ပိုက်ထားသည့် ကန့်ဒေါင့်ရဲစခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာ ခြင်းဖြစ်သည်။

“လေကြောင်းနဲ့ လက်နက်ကြီးရန်ကလွတ်အောင် ဝေးဝေးရှောင်ရတယ်။ စစ်ရှောင်စခန်းတွေမရှိတော့ တောထဲမှာ မိုးကာတဲလေးတွေ ဆောက်ပြီးနေရတယ်။ မိုးကလည်း မပြတ်ရွာတော့ တုပ်ကွေးဖြစ်နေသူ တွေလည်းရှိတယ်” ဟု ပုလဲမြို့နယ်မှ စစ်ရှောင်တဦးက ဆိုသည်။

“လက်ရှိတော့ ကန့်ဒေါင့်နားကို ရန်သူ့စစ်ကြောင်းရောက်နေပါတယ်။ ကန့်ဒေါင့်ထဲကို မဝင်နိုင်သေးပါဘူး။ PLA တပ်ဖွဲ့တွေနဲ့ထိတွေ့မှုဖြစ်ပြီး သူတို့ဘက်က အကျအဆုံးတွေလည်းများပါတယ်” ဟု PLA ရဲဘော် တဦးကပြော သည်။

စစ်ကော်မရှင်တပ်က ကန့်ဒေါင့်စခန်းပြန်လည်ရရှိရေးအတွက် မြေပြင်စစ်ကြောင်းအပြင် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရခြင်းဖြစ် သည်။

“လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအထိအခိုက်ရှိပါတယ်။ စစ်ဖြစ်ပွားနေတဲ့ဇုန်နဲ့ ဝေးဝေးနေကြဖို့ လူထုကို တိုက်တွန်းထားပါတယ်။ စစ်ရှောင်တွေ ပြန့်ကြဲနေတဲ့အတွက် ကူညီထောက်ပံ့ဖို့ အခက်အခဲတွေ လည်းရှိတယ်” ဟု တော်လှန်ရေးရဲဘော်တဦးဖြစ်သည့် ကိုနေမင်းက မဇ္စျိမကို ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် ပုလဲမြို့နယ်အတွင်းမှ ကန့်ဒေါင့်၊ မဲ စည်၊ သရက်ကန်၊ သလှိုင်းကန်၊ ညောင်ရင်းကုန်း၊ သာစည်၊ တောင်ရွာသစ်၊ သရက်လှ၊ အောင်ချမ်းသာ၊ ကြောင်ဝံဒူး၊ ဦးနှောက်၊ ကိုးပင် စသည့်ကျေးရွာများမှ ဒေသခံ ၁၅,၀၀၀ ခန့် ရက်ရှည်စစ်ရှောင်နေကြရ ကြောင်း သိရသည်။

ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...