တနင်္သာရီတိုင်း တိုက်ပွဲအတွင်း စစ်မှုထမ်း CDM တစ်ဦး သေဆုံး

တနင်္သာရီတိုင်း တိုက်ပွဲအတွင်း စစ်မှုထမ်း CDM တစ်ဦး သေဆုံး

လောင်းလုံးမြို့နယ်ထဲက ပန်းတင်အင်းတိုက်ပွဲတွင် စစ်မှုထမ်း CDM တစ်ဦးသေဆုံးသွားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ဒေါနတပ်ခွဲ ၆၊ ဝေဟင်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းကျည်ထိမှန်၍ သေဆုံးခဲ့သည်ဟု ဝေဟင်တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဒေါန ၆ တပ်ခွဲမှူးက “သူက တိုက်ပွဲကြားထဲမှာ ပိတ်မိနေတဲ့သူတွေကို ဝင်ပြီး ဆွဲထုတ်ပေးနေတာပါ၊ သူဆွဲထုတ် ပေးတဲ့သူတွေကတော့ လွတ်မြောက်ကုန်တယ်၊ သူကတော့ ဆောင်းထားတဲ့ ဦးထုတ်ကို ဖေါက်ပြီး ဦးခေါင်းကို ကျည်ထိပြီး ဆုံးသွားတယ်” ဟု ပြောသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသူမှာ စစ်မှုထမ်းသင်တန်းဆင်း အသက် ၂၀ အရွယ် ရဲဘော်ဆပ်ပြာဆိုသူဖြစ်ပြီး ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၇၃ တပ်ရင်းတွင် တာဝန်ကျစဉ်တွင် ထွက်ပြေး လာကာ ဝေဟင်တပ်ဖွဲ့ထံသို့ ဘက်ပြောင်းခိုလှုံလာသူ ဖြစ်သည်။

ပန်းတင်အင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဓဝယ်အမျိုးသားလွတ်မြောက် ရေးတပ်တော် - DNLA၏ ဒူရကစစ်ကြောင်း ဦးဆောင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဇူလိုင်လ ၂၉ ရက်နေ့က ဆယ်နာရီခန့်အကြာ တိုက်ပွဲ ပြင်းထန်ခဲ့သည်။

ကံပေါက်ဒေသရှိ ရေကန်တောင်တိုက်ပွဲ မဖြစ်မီ တစ်လခန့်အလို ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း အခြားစစ်မှု ထမ်း သင်တန်းဆင်း ရဲဘော်နှစ်ဦးနှင့်အတူ ရဲဘော်ဆပ်ပြာတို့ ရေကန်တောင်စခန်းမှ ဘက်ပြောင်းခိုလှုံလာခြင်း ဖြစ်ကြောင်း ဒေါန ၆ တပ်ခွဲမှူးက ဆိုသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ကိုးလခန့်ရှိနေပြီ ဖြစ်ပြီး ရဲဘော်ဆပ်ပြာ သည် ဝေဟင်တပ်ဖွဲ့ တွင် ပထမဆုံးကျဆုံးသည့် ရဲဘော်တစ်ဦး ဖြစ်သည်။

ရဲဘော်ဆပ်ပြာ၏ စျာပနကို ဇူလိုင်လ ၃၁ ရက်က ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်ဟု ဝေဟင်တပ်ဖွဲ့ ဝင်များက ပြောသည်။

ပန်းတင်အင်းရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှလည်း ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးသည်ဟု ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...
August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...