ကချင်ပြည်နယ်အတွင်းက စစ်အုပ်ချုပ်ရေးကျင့်သုံးမယ်လို့ကြေညာတဲ့ ၅ မြို့နယ်မှာ ၄ မြို့နယ်ကို KIA သိမ်းပိုက်ထိန်းချုပ်ထား

ကချင်ပြည်နယ်အတွင်းက စစ်အုပ်ချုပ်ရေးကျင့်သုံးမယ်လို့ကြေညာတဲ့ ၅ မြို့နယ်မှာ ၄ မြို့နယ်ကို KIA သိမ်းပိုက်ထိန်းချုပ်ထား

စစ်ကောင်စီက အရေးပေါ်အခြေအနေသတ်မှတ်ပြီး စစ်အုပ်ချုပ်ရေးကျင့်သုံးမယ်လို့ ကြေညာတဲ့အထဲ ကချင်ပြည်နယ်က ၅ မြို့နယ်ပါဝင်ပြီး ၄ မြို့နယ်ကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းက တိုင်းနှင့်ပြည်နယ် ၉ ခုမှာရှိတဲ့ မြို့နယ် ၆၃ မြို့နယ်ကို ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေသတ်မှတ်ပြီး စစ်အုပ်ချုပ်ရေးကျင့်သုံးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာခဲ့တာပါ။

ကချင်ပြည်နယ်အတွင်းမှာတော့ ဆွမ်ပရာဘွမ်၊ရွှေကူ၊အင်ဂျန်းယန်၊ ဆော့လော်နဲ့ ချီဖွေမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာထားတာဖြစ်ပြီး ရွှေကူမြို့နယ်ကလွဲရင် ကျန်မြို့နယ်တွေကိုတော့ KIA က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ထိုးစစ်တွေကနေ အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ အဲဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးဆိုင်ရာတွေကို စစ်အုပ်ချုပ်ရေးအာဏာနဲ့ ကျင့်သုံးမယ်လို့ ဆိုထားတာပါ။

စစ်အုပ်ချုပ်ရေးဒေသတွင်းက ဒေသအာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်ကလည်း သက်ဆိုင်ရာ စစ်တိုင်းမှူးတွေရဲ့ ကွပ်ကဲမှုအရ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်အပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်းတို့က မြို့နယ်တွေမှာလည်း စစ်အုပ်ချုပ်ရေး ကြေညာထားတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဟာ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ မြို့နဲ့မြို့နယ် ၁၀ ခုကျော်ကိုသိမ်းပိုက်ထားပြီး ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်နေပါတယ်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။
February 9, 2026
နေပြည်တော်အစိုးရကို NUG နဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့ မေးမြန်းထားတဲ့အပြင် တစ်ဖွဲ့ချင်းနဲ့...
February 5, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေနဲ့...
February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...