မင်းတပ်မြို့မှာ မိုင်းနင်းမိလို့ ဒေသခံ ၁ ဦး ခြေထောက် ၁ ဖက် ပြတ်ကာ၊ ၁ ဦး ဒဏ်ရာအပြင်းအထန်ရ

မင်းတပ်မြို့မှာ မိုင်းနင်းမိလို့ ဒေသခံ ၁ ဦး ခြေထောက် ၁ ဖက် ပြတ်ကာ၊ ၁ ဦး ဒဏ်ရာအပြင်းအထန်ရ

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်နားတစ်နေရာမှာ ဇူလိုင်လ ၂၇ ရက်နေ့က ဒေသခံ ၁ ဦး မိုင်းနင်းမိလို့ ခြေထောက် ၁ ဖက် ပြတ်ကာ၊ သူ့အနားက ၁ ဦးလည်း ထိခိုက်ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ မင်းတပ်မြို့ဒေသခံတွေ ဆီကနေ သိရပါတယ်။

မင်းတပ်မြို့နေ ဒေသခံတစ်ဦးက “တစ်ဦးကတော့ ခြေထောက်တစ်ဖက်ပြတ်သွားတယ်။ နောက်တစ်ဖက်လည်း ဖြတ်ရမယ့်ပုံပါပဲ တစ်ဦးကတော့ မျက်နှာထိသွားတယ်။ ဖြစ်သွားတာက မြို့ပေါ်နားမှာလို့ပြောလို့ရတယ်။ တစ်ဦးက နင်းမိလို့ ၂ ဦးစလုံးထိသွားတာမျိုးဖြစ်တယ်။ အခုဖြစ်တဲ့ နေရာက အရင်ကလည်း သူတို့ မနင်းမိခင်ကတည်းက ပြည်သူတွေသွားလာနေကြနေရာပါ” လို့ ပြောပါတယ်။

မင်းတပ်မြို့နဲ့ အနီးဝန်းကျင်တွေမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ မပေါက်ကွဲသေးတဲ့ မိုင်းတွေ ရှိနေသေးတာကြောင့် ဒေသခံတွေအနေနဲ့ ထိတွေ့ကိုင်တွယ်တာတွေ မလုပ်ဖို့နဲ့ မိုင်းမရှိမယ့် နေရာတွေကိုသာ သွားလာကြဖို့ကိုလည်း တာဝန်ရှိသူတွေဘက်က ပြောထားပါတယ်။

မင်းတပ်မြို့ဒေသခံတစ်ဦးက “လက်ကျန်မိုင်းတွေ အများပြည်သူသွားလာနေတဲ့ နေရာပဲ နင်းမိကြတာ။ တချို့နေရာတွေဆို မိုင်းရှင်းပြီးသားနေရာတွေမှာပဲ နင်းကြတော့ ပြောရမှာခက်ခဲပါတယ်။ ဒါပေမယ့် လက်နက်ကြီး မပေါက်ကွဲတဲ့ဟာတွေ 40 MM မပေါက်တဲ့ဟာတွေလည်း မင်းတပ်မြို့နဲ့ အနီးတွေမှာ ရှိနေသေးတဲ့အတွက် ထိတွေ့ကိုင်တွယ်မှု မပြုကြဖို့ ထင်းရှာချင်ရင်လည်း မိုင်းမရှိမယ့် အဝေးတွေမှာ ရှာကြဖို့ ပြောချင်တယ်” လို့ ပြောပါတယ်။

မင်းတပ်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားတဲ့ မြေမြှုပ်မိုင်း၊ ရှေ့ထွက်မိုင်းအပါအဝင် မိုင်းစုစုပေါင်း ၂၀၀၀ ထက်မနည်းကို ရှင်းထားနိုင်ပြီဖြစ်တယ်လို့လည်း ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ကို စစ်ကောင်စီလက်ထဲကနေ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်တွေက ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာ သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း မိုင်းနင်းမိတဲ့ ဒေသခံ ၅ ဦးအထက်ရှိတော့မှာ ဖြစ်တယ်လို့ သိရပြီး မိုင်းနင်းမိလို့ သေဆုံးတာမျိုးတော့ အခုထိမရှိသေးဘူးလို့လည်း သိရပါတယ်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...