ဖားကန့်မှာ ကုန်စည်အဝင်မရှိတာကြောင့် ကြက်ဥတစ်လုံး ၂,၅၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်တောင့် ၁၀၀ ကျပ်အထိ ဈေးမြင့်တက်

ဖားကန့်မှာ ကုန်စည်အဝင်မရှိတာကြောင့် ကြက်ဥတစ်လုံး ၂,၅၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်တောင့် ၁၀၀ ကျပ်အထိ ဈေးမြင့်တက်

ဖားကန့်ဒေသကိုဝင်တဲ့ လမ်းတွေပိတ်ထားတာကြောင့် တစ်နေ့ထက်တစ်နေ့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေပြီး ကြက်ဥတစ်လုံးကို ၂,၅၀၀ ကျပ်အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က ဖားကန့်အဝင်ကို ပိတ်ထားတာဖြစ်ပြီး ခရမ်းချဉ်သီးတစ်လုံးကို ကျပ် ၁,၅၀၀၊ ငရုတ်သီးစိမ်း တစ်တောင့် ၁၀၀ ကျပ်ခန့်နဲ့ ကြက်ဥတစ်လုံးကို ကျပ် ၁,၅၀၀ အထိ ရှိနေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ကုန်ဈေးနှုန်းတွေ အရမ်းကြီးနေတယ်။ ခရမ်းချဉ်သီးတစ်လုံးကို တစ်ထောင့်ငါးရာတဲ့။ ဈေးအရမ်းကြီးနေသေးတယ်။” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

ဒါ့အပြင် CP ကြက်သားတစ်ပိဿာ ကျပ် ၁၂၀,၀၀၀(တစ်သိန်းနှစ်သောင်း)၊ အမဲသားတစ်ပိဿာ ကျပ် ၈၀,၀၀၀(ရှစ်သောင်း)နဲ့ ဆန်တစ်အိတ်ကို ကျပ် ၂၀၀,၀၀၀ (နှစ်သိန်း) ရှိနေပြီဖြစ်ပြီး အသားငါးတွေကတော့ လိုလောက်ဝယ်ယူလို့ မရဘူးလို့ ဆိုပါတယ်။

“ဒီမနက် ဈေးသွားဝယ်တာ ငရုတ်သီးစိမ်းဆို တစ်ထောင်ဖိုးတောင် မရောင်းပေးချင်ဘူး။ နှစ်ထောင်ဖိုးဝယ်မှ ရောင်းပေးတာ။ တစ်တောင့် ၁၀၀ လာက်ကျတယ်။” လို့ ဖားကန့်ဒေသခံ အမျိုးသမီးနောက်တစ်ဦးက ပြောပါတယ်။

လမ်းပိတ်ထားတဲ့အတွက် ကုန်ကားတွေဝင်လို့မရတာကြောင့် တာမခန်၊ ဟောင်ပါးဘက်က ဆိုင်ကယ်တွေနဲ့ ဈေးလာရောင်းတာတွေ ရှိတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

အခုလို ဆိုင်ကယ်တွေနဲ့ ဈေးလာရောင်းကြတဲ့အတွက် ဖားကန့်ဒေသမှာ ကုန်စည်ပြတ်လပ်တာတော့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

တိုက်ပွဲအခြေအနေကြောင့် နှစ်လနီးပါး ပိတ်ထားတဲ့ နန့်ယား-ဖားကန့်လမ်းကို ဇူလိုင်လ ၁၆ ရက်နေ့က KIA က ဖွင့်ပေးခဲ့သလို ဝှေခါ-ဖားကန့်လမ်းကိုလည်း ပြန်ဖွင့်ပေးခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီကနေ ဖားကန့်ဒေသကို စစ်ကြောင်းထိုးလာတဲ့အတွက် မြစ်ကြီးနား-ဖားကန့်လမ်းကို KIA/KPDF တွေနဲ့ စစ်ကောင်စီကနေ စစ်ရေးအခြေအနေတွေကြောင့် ပိတ်ထားခဲ့တာပါ။

ဒါ့အပြင် ဇူလိုင်လ ပထမအပတ်ကလည်း ဆန်ကားတွေ ဝင်ရောက်မှုမရှိတာကြောင့် ဆန်ပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဖားကန့်ဒေသကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ KPDF ပူးပေါင်းတပ်တို့ နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...