သံဖြူဇရပ် ထင်းရူးရဲစခန်းကာကင်း ဝင်တိုက်ခံရ

သံဖြူဇရပ် ထင်းရူးရဲစခန်းကာကင်း ဝင်တိုက်ခံရ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာရဲစခန်းအနီးရှိ စစ်ကောင်စီကာကင်းအဖွဲ့ ဝင်ရောက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က သတင်းထုတ်ပြန်ပါတယ်။

မနေ့ ဇူလိုင် ၂၂ ရက်နေ့ မနက် ၁၁ နာရီ မိနစ် ၂၀ အချိန်ခန့်မှာ ထင်းရှူးရဲစခန်းနဲ့ မီတာ ၂၀၀ အကွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီအဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက လျှပ်တပြတ်ဝင်ရောက်ပစ်ခတ်ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်နီးပါးအကြာ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဲ နှစ်ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး၊ စုစုပေါင်း ၅ ဦးဟာ နေရာမှာပဲ သေဆုံးသွားပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အထိအခိုက် မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAတပ်ရင်း(၂၇) တပ်ခွဲ(၁) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့ကလည်း မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာအနီး သံဖြူဇရပ်-မုဒုံလမ်းပေါ်မှာ စစ်ကောင်စီတပ်စွဲနေရာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...