ကချင်ပြည်နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်း ပြတ်တောက်နေတာ ၁ နှစ်ပြည့်ပြီဖြစ်ပြီး အဖက်ဖက်မှာ ခက်ခဲနေ

ကချင်ပြည်နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်း ပြတ်တောက်နေတာ ၁ နှစ်ပြည့်ပြီဖြစ်ပြီး အဖက်ဖက်မှာ ခက်ခဲနေ

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီက ဖုန်းနဲ့ အင်တာနက် ဖြတ်တောက်ထားတာ ယခုဆိုရင် ၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အများစုကို MyTel၊ MPT၊ Ooredoo နဲ့ ATOM(Telenor) စတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ ဖုန်းနဲ့အင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က စတင်ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အင်တာနက်အသုံးပြုနိုင်ဖို့အတွက် မြစ်ကြီးနား၊ ဖားကန့် စတဲ့မြို့ကြီးလို နေရာမျိုးတွေမှာ Star Link ဝိုင်ဖိုင်(Wifi) ကို အခကြေးငွေပေး အသုံးပြုနေရတာပါ။

ဖုန်းလိုင်းတွေကတော့ မြစ်ကြီးနားမြို့အပြင် တခြားမြို့နယ်အချို့မှာ အသုံးပြုလို့ ရလာပေမဲ့ ဆက်သွယ်ပြောဆိုဖို့ ခက်ခဲနေပါသေးတယ်။ အင်တာနက်လိုင်းတွေကတော့ လက်ရှိအချိန်အထိ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ မြို့ခံတွေက တောင်းဆိုနေပြီး အရင်က အင်တာနက်ဝိုင်ဖိုင်တပ်ဆင်ရင် တစ်လကို ကျပ် ၂၀,၀၀၀(နှစ်သောင်း)လောက်သာ ကျသင့်ပေမဲ့ လက်ရှိအချိန်မှာ‌တော့ တစ်လကို ကျပ် ၃၀၀,၀၀၀(သုံးသိန်း) လောက်ပေးဆောင် နေရတာပါ။

“အင်တာနက်ကို ပြန်ပြီးမှ ဖွင့်ပေးစေချင်တယ်။ အရင်တုန်းကဆို တစ်အိမ်လုံးသုံးရင်တောင်မှ အင်တာနက်ဖိုးက ဘာမှမကုန်ဘူး။ အခုအရမ်းကို အခက်အခဲဒုက္ခ ဖြစ်နေပါတယ်။”လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် ငွေလွှဲငွေထုတ်ရာမှာလည်း အခက်အခဲရှိနေပြီး တစ်ခါတလေ လိုသလောက် ထုတ်မရတာတွေလည်း ရှိနေပါတယ်။

ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် ဖုန်းနဲ့အင်တာနက်ကို မှီခိုပြီး အလုပ်လုပ်ကိုင်နေကြရတဲ့ သူတွေနဲ့ အွန်လိုင်းကနေ ကျောင်းတက်နေတဲ့ လူငယ်တွေလည်း အခက်အခဲ ကြုံနေရပါတယ်။

ဒါ့အပြင် ဖုန်းနဲ့အင်တာနက်အခက်အခဲကြောင့် ကုန်ပစ္စည်းတွေ မှာယူတင်သွင်းရမှာလည်း အခက်တွေ့နေပြီး ကုန်စည်စီးဆင်းမှု နှေးကွေးတာတွေလည်း ကြုံရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အွန်လိုင်းအသုံးပြု အလုပ်လုပ်ကိုင်သူတွေနဲ့ အွန်လိုင်းကနေ ကျောင်းတက်နေရတဲ့ လူငယ်တွေကတော့ ဖုန်းနဲ့အင်တာနက်လိုင်းတွေရနေတဲ့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ အခက်အခဲတွေကြားကနေ သွားရောက်နေထိုင်ကြရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကနေစပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၂၀၃ မြို့နယ်မှာ ဖုန်းလိုင်း၊ အင်တာနက်စတဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်ခဲ့တာ အကြိမ် ၄၆၀ ဖြစ်တယ်လို့ အသံအဖွဲ့က ကောက်ယူထားတဲ့ စစ်တမ်းအရ သိရပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...