ကျိုက်ထိုမြို့ရှိ သဲဖြူချောင်းစစ်ဆေးရေးဂိတ်ကို ခရီးသည်တင်မှန်လုံယာဉ် ဝင်တိုက်ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

ကျိုက်ထိုမြို့ရှိ သဲဖြူချောင်းစစ်ဆေးရေးဂိတ်ကို ခရီးသည်တင်မှန်လုံယာဉ် ဝင်တိုက်ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ သဲဖြူချောင်းတံတား စစ်ဆေးရေးဂိတ် ဘန်ကာကို ခရီးသည်တင်မှန်လုံယာဉ်တစ်စီးက ဝင်တိုက်ခဲ့သည့်အတွက် ရဲတပ်သားတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။  

ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ကျိုက်ထိုမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာသည့် အာကာမင်း ခရီးသည်တင် မှန်လုံယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ အဆိုပါ စစ်ဆေးရေးဂိတ်ရှိ ဘန်ကာကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။  

ခရီးသည်တင်မှန်လုံယာဉ်မှ စစ်ဆေးရေးဂိတ်ဘန်ကာအား ဝင်ရောက်တိုက်မိသည့်ဖြစ်စဉ်အတွၚ်း ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။  

“မှန်လုံကားက ဘရိတ်ပေါက်တာလာ၊ ဘာလားတော့ မသိရဘူး။ စစ်ဆေးရေးဂိတ် ဘန်ကာကို ဝင်တိုက်မိခဲ့တာပါ။ ရဲတစ်ဦးသေတယ်။ တစ်ဦးကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်။ မှန်လုံကား ယာဉ်မာင်းကတော့ ထွက်ပြေးသွားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။  

ထိုဖြစ်စဉ်ကြောင့် ခရီးသည်တင်မှန်လုံယာဉ်ပေါ် လိုက်ပါလာကြသည့် ခရီးသည်များ ထိခိုက်မှု ကြီးကြီးမားမားမရှိခဲ့ကြောင်းနှင့် ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ Rescue Team နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ လာရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။  

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ကို ကျိုက်ထိုမြို့နယ် လူမှုကူညီကယ်ဆယ်ရးအသင်းမှ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။  

အဆိုပါ စစ်ဆေးရေးဂိတ်သည် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ သဲဖြူချောင်းတံတားပေါ်တွင်တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲနှင့် ပျူစောထီးအင်အား ၅၀ ခန့်ရှိကြောင်းလည်း ဒေသခံများက ဆိုသည်။  

သဲဖြူချောင်းတံတားစစ်ဆေးရေးဂိတ်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်အတွင်းမှာမှ တံတားလုံခြုံရေးအတွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။  

June 12, 2026
မွန်ပြည်နယ်တွင် အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေး စတင်ဖြစ်ပွားနေပြီးဖြစ်သဖြင့်...
June 11, 2026
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ...
June 10, 2026
မွန်ပြည်နယ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်များ ထိုင်းကုန်ပစ္စည်း မသယ်ဆောင်ရန် ပြည်နယ်...
ပုံ-IMNA Data Visualisation
June 9, 2026
မြန်မာပြည်တောင်ပိုင်းဒေသများဖြစ်သည့် မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စစ်ကော်မရှင်...