ဧရာ၀တီမြစ်အတွင်းရှိ စစ်ရေယာဉ်အုပ်စု ဆက်လက်ဆန်တက်နေပြီး မြစ်ကမ်းဘေး ကျေးရွာများကို လေကြောင်းကနေ ဗုံးကြဲ

ဧရာ၀တီမြစ်အတွင်းရှိ စစ်ရေယာဉ်အုပ်စု ဆက်လက်ဆန်တက်နေပြီး မြစ်ကမ်းဘေး ကျေးရွာများကို လေကြောင်းကနေ ဗုံးကြဲ

ဧရာ၀တီမြစ်အတိုင်း အထက်ကို ဆန်တက်နေသည့် စစ်ကောင်စီတပ်၏ ရေယာဉ်အုပ်စုသည် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလည်ရွာနှင့် ပန်းပင်ရွာတွင် နှစ်ရက်တာ ညအိပ် ရပ်နားခဲ့ပြီးနောက် ယနေ့ (ဇူလိုင်လ ၂၂ ရက်)မနက်အစောပိုင်း၌ အထက်ကို ဆက်လက်ဆန်တက်နေကာ မြစ်ကမ်းတလျှောက်ရှိ ကျေးရွာများကိုလည်း လေကြောင်းမှ တိုက်ခိုက်နေကြောင်း Tigyaing Revolution (TR) အဖွဲ့ ထံမှ သိရသည်။

“မနက် ၇ နာရီလောက်က ထွက်လာတာပါ။ အခုက ကြာညှပ် နဲ့ တကောင်းကြားလောက်ဖြစ်မယ်ဗျ။ Y-12 က တော့ ကမ်းနားတလျှောက် ဗုံး ကြဲနေပါတယ်” ဟု TR အဖွဲ့ တာဝန်ရှိသူ တဦးက ယနေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ် အချိန်တွင် ပြောသည်။

စစ်သင်္ဘော ငါးစီးနှင့် ရိက္ခာတင် ရေယာဉ်များ ပါဝင်သည့် ၁၄ စီး ပါ ရေယာဉ်အုပ်စုသည် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဇူလိုင် လ ၁၇ ရက်နေ့ တွင် ဗန်းမော်မြို့သို့ ဦးတည်ဆန်တက်လာခြင်းဖြစ်သည်။

ယင်းနောက် ဇူလိုင်လ ၁၉ ရက်နေ့ တွင် သပိတ်ကျင်းမြို့နယ်သို့ ရောက်ရှိစဉ် တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်မှုများ ပြုလုပ်ခဲ့ရာ ရိက္ခာတင် သင်္ဘောတစီး နစ်မြုပ်သွားပြီး စစ်သင်္ဘောတစီး နှင့် နောက်ထပ် ရေယာဉ် နှစ်စီး ပျက်စီးသွားကြောင်း MDY-PDF က ဇူလိုင်လ ၂၀ ရက်နေ့ တွင် ထုတ် ပြန်ထားသည်။

တိုက်ခိုက်ခံလိုက်ရသည့် စစ်ရေယာဉ်အုပ်စုသည် ဇူလိုင်လ ၂၀ ရက်နေ့ နှင့် ၂၁ရက်နေ့ များတွင် ကန့်ဘလူမြို့နယ် မလည်ကျေးရွာ နှင့် သပိတ်ကျင်းမြို့နယ် ပန်းပင်ကျေးရွာများတွင် ညအိပ်ရပ်နားခဲ့ပြီး ရေယာဉ်များအား ပြင်ဆင်ခြင်း ၊ ထိခိုက် ဒဏ်ရာရရှိသည့် စစ်သားများအား ဆေးကုသခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ များထံ မှ သိရသည်။

ယင်းအပြင် ယနေ့ (ဇူလိုင်လ ၂၂ရက်နေ့) မနက်ပိုင်းတွင် မန္တလေး ဂေါဝိန်ဆိပ်ကမ်း မှ စစ်သင်္ဘောများပါဝင်သည့် နောက်ထပ် ရေယာဉ်အုပ်စု တစု လည်း ဧရာ၀တီမြစ်ကြောင်းအတိုင်း ထပ်မံဆန်တက်လာနေကြောင်း Voice Of Mandalay အဖွဲ့ က ပြောသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...