ချင်းဒုက္ခသည် ၂ သိန်းဝန်းကျင်ဟာ အသက်မွေးဝမ်းကြောင်းအတွက် ကြုံသလို ဖြေရှုင်းနေကြရတယ်လို့ ICA ထုတ်ပြန်

ချင်းဒုက္ခသည် ၂ သိန်းဝန်းကျင်ဟာ အသက်မွေးဝမ်းကြောင်းအတွက် ကြုံသလို ဖြေရှုင်းနေကြရတယ်လို့ ICA ထုတ်ပြန်

ချင်းပြည်နယ်မှာ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ လူဦးရေ ၅ သိန်းဝန်းကျင်ရှိတဲ့အထဲ လူဦးရေ ၂ သိန်းဝန်းကျင်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေအဖြစ် ဘေးလွတ်ရာဒေသတွေကို ပြောင်းရွှေ့ပြီး အသက်မွေးဝမ်းကြောင်းအတွက် ကြုံသလို ဖြေရှင်းနေကြရတယ်လို့ ချင်းဒုက္ခသည်တွေကို ကူညီပံ့ပိုးပြီး ချင်းအရေး သုတေသနလုပ်နေတဲ့ ချင်းရေးရာအဖွဲ့ချုပ်( ICA) ရဲ့ ဇူလိုင်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒုက္ခသည်အဖြစ် ထွက်ပြေးနေရတဲ့ ချင်းလူဦးရေ ၂ သိန်းထဲကနေ ၁ သိန်းသုံးသောင်းဝန်းကျင်ဟာ ပြည်တွင်းကို ပြောင်းရွှေ့ပြီး ၇ သောင်းဝန်းကျင်ကတော့ အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်အဖြစ် နေရတယ်လို့ ICA က ဆိုပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံမှ ဒုက္ခသည် ၃၃,၀၃၆ ဦးဟာ မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်တယ်လို့ မီဇိုရမ်ပြည်နယ် Disaster Management and Rehabilitation ဦးစီးဌာနက ၂၀၂၄ ဒီဇင်ဘာလ ၁၀ ရက်နေ့ ဖော်ပြပေမယ့် ချင်းရေးရာအဖွဲ့ချုပ်(ICA) ရဲ့ ဒေတာအချက်အလက်အရ လူဦးရေ ၄၅,၀၀၀ ခန့်ရှိပြီး အဲဒီထဲက ၉၀ ရာခိုင်နှုန်းဟာ ချင်းလူမျိုးတွေဖြစ်ပြီး ကျန်သူတဲ့သူတွေဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေလို့ ICA က ဆိုပါတယ်။

ချင်းရေးရာအဖွဲ့ရဲ့ ဒေတာအရ ဒုက္ခသည်တွေဟာ မီဇိုရမ်ပြည်နယ်ရှိ ခရိုင် ၇ ခရိုင်မှ ဒုက္ခသည်စခန်းပေါင်း ၁၂၇ ခုမှာ လူဦးရေ ၂၅၅၆၇ ဦးနေထိုင်ကြပြီး ၂ သောင်းကျော်ကတော့ အိမ်ငှားရမ်းတာ တောင်ယာ စောင့်ပေးတာတို့ဖြင့် အလျင်းသင့်သလို နေထိုင်ကြရတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်း စစ်ရေးအရှိန်မြင့်တက်လာမှု၊ ချင်းပြည်တွင်း နိုင်ငံရေးပဋိပက္ခ

အရှိန်မြင့်တက်လာမှုတွေကြောင့် ဒုက္ခသည်များအချင်းချင်းကြား သဘောထားကွဲလွဲမှုများမှ စ၍ ဒုက္ခသည်များ အချင်းချင်းရန်ဖွဲ့လာကြတယ်လို့ ICA ကဆိုပါတယ်။

အဲဒီကနေ တဆင့် ဒေသခံပြည်သူတွေနဲ့ မြန်မာဒုက္ခသည်များအကြား စည်းလုံးရေးပျက်ပြားလာပြီးနောက် မြန်မာဒုက္ခသည်တွေကို ပြည်တွင်းပြန်ပို့ရန် အစိုးရထံသို့ တောင်းဆိုချက်များ ဒေသခံတွေတချို့က ပြုလုပ်လာကြတယ်လို့လည်း ဆိုပါတယ်။

နောက်ပြီး မြန်မာဒုက္ခသည်တွေအတွက် ပြည်တွင်းနိုင်ငံရေး ပဋိပက္ခကြန့်ကြာနေခြင်းမှာ အဓိကပြဿနာဖြစ်ပြီး အိန္ဒိယဗဟိုအစိုးရရဲ့ နိုင်ငံခြားငွေကြေး ပေါ်တင်းကြပ်မှု NGO, INGO များအပေါ် တင်းကြပ်မှုနဲ့ , USAID ဖြတ်တောက်တာမှုတွေကြောင့် ဒုက္ခသည်တွေပေါ် ထောက်ပံ့မှုနည်း သထက်နည်းလာပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးတွေမှာလည်း အခက်ခဲစိန်ခေါ်မှုတွေ ပိုပိုပြီး ကြပ်တည်းနေကြရတယ်လို့လည်း ICA ဖော်ပြထားပါတယ်။

ချင်းပြည်နယ်ရဲ့ ဧရိယာ ၈၀ ရာခိုင်နှုန်းကျော်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီးဖြစ်ပေမယ့် လေကြောင်းရန် အန္တရယ်ကြောင့် ပြည်သူအများစု ကိုယ့်ရပ်ကိုယ်ဒေသသို့ ပြန်လည် အခြေချနိုင်ခြင်း မရှိသေးဘူးလို့လည်း ICA ရဲ့ဖော်ပြချက်အရ သိရပါတယ်။

January 24, 2026
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ မနေ့ သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်ညမှာ ကျင်းပတဲ့ ONE Championship...
January 23, 2026
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်...
January 22, 2026
ချင်းပြည်နယ်မှာ “စိတ်ကျန်းမာရေး၊ ကျား၊ မရေးရာ နှင့် ပဋိပက္ခများ” သုတေသနအစီရင်ခံစာ ပြုလုပ်စဉ်...
January 20, 2026
ချင်းအမျိုးသားတက္ကသိုလ်(Chin National University) မှာ ဘွဲ့ကြို ၊ ဘွဲ့လွန်...