ဟားခါးမြို့မှ ရဲတပ်သား တစ်ဦး လက်နက်ခဲယမ်းများနှင့် CDF–Hakha ထံ အလင်းဝင်၊ ၂၀၂၅ ခုနှစ်အတွင်း CDF- Hakha ထံ အလင်းဝင်လာသူ စစ်သားနှင့် ရဲ အယောက် ၂၀ ရှိ

ဟားခါးမြို့မှ ရဲတပ်သား တစ်ဦး လက်နက်ခဲယမ်းများနှင့် CDF–Hakha ထံ အလင်းဝင်၊ ၂၀၂၅ ခုနှစ်အတွင်း CDF- Hakha ထံ အလင်းဝင်လာသူ စစ်သားနှင့် ရဲ အယောက် ၂၀ ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးသည် ဇူလိုင် ၆ ရက်က ပြည်သူ့တော်လှန်ရေးဘက်သို့ ပူးပေါင်းရန် လက်နက်ခဲယမ်းများနှင့်အတူ Chinland Defense Force – Hakha (CDF–Hakha) ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဟားခါးကို ဝိုင်းထားတယ်ဆိုတော့ စစ်သားတွေ၊ ရဲတွေ ထွက်ပြေးလာတာနဲ့ ကျွန်တော်တို့ဆီ အလိုလိုရောက်တယ်။ ထွက်လာတဲ့သူအများစုကတော့ သူတို့ စကစရဲ့ လုပ်ရပ်ကို မကြိုက်လို့ သဘောမကျလို့ အလင်းဝင်လာကြတာများပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ သူကတော့ G3 တစ်လက်နဲ့ Talkie တစ်ခုကို ယူဆောင်လာပါတယ်။ ဒီလို အလင်းဝင်တဲ့သူကို ကျွန်တော်တို့ CDF- Hakha ကနေ ဆုကြေးငွေချီးမြင့်ပါတယ်။ သူတို့ လုံခြုံတဲ့နေရာ၊ သွားချင်တဲ့ နေရာကို သူတို့အချိတ်အဆက်နဲ့ သူတို့အသိတွေနဲ့ ပူးပေါင်းပြီး လိုက်ပို့ပေးတာတွေရှိတယ်။” ဟု CDF-Hakha အထွေထွေအတွင်းရေးမှူးက ပြောသည်။

ယခု အလင်းဝင်လာသူ ရဲတပ်သားကိုလည်း CDF–Hakha မှ နွေးထွေးစွာ ကြိုဆိုပြီး ငွေသားဆုကြေး ချီးမြှင့်သည့်အပြင် လုံခြုံရာနေရာသို့ ရောက်ရှိသည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ ဘက်ပြောင်းလာလိုသူများအား CDF–Hakha က အမြဲဖွင့်လှစ်ကြိုဆိုပြီး လုံခြုံမှုအပြည့်အဝ ပေးသွားမည်ဟု ဆိုသည်။

ယခုနှစ် ၂၀၂၅ ခုနှစ်တွင် ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ရာမှ ၎င်းတို့၏ လုပ်ရပ်ကို မနှစ်သက်တော့ဘဲ ပြည်သူနှင့်အတူ လာရောက် ပူးပေါင်းသူ စစ်သားနှင့် ရဲ အယောက် ၂၀ ရှိပြီဟု CDF-Hakha ထွေထေအတွင်းရေးမှူးက ပြောသည်။

“၂၀၂၅ နောက်ပိုင်းအလင်းဝင်လာတဲ့သူကတော့ အယောက် ၂၀ ရှိပါပြီ။ အဲလိုအလင်းဝင်လာပြီးတော့ ကျွန်တော်တို့ဆီမှာ တာဝန်ထမ်းဆောင်တဲ့သူလဲ ရှိပါတယ်။ သူတို့ကိုကျတော့ ကျွန်တော်တို့ တစ်နှစ်၊ နှစ်နှစ်လောက် သေသေချာ‌ချာစောင့် ကြည့်ပြီးတော့ တာဝန်ထမ်းဆောင်ခွင့်ပြုထားတဲ့သူလဲရှိတယ်။ တစ်ချို့ကိုတော့ သူတို့ သွားချင်တဲ့နေရာ ပို့ပေးတယ်ပေါ့နော်။” ဟု ၎င်းက ပြောသည်။

CDF–Hakha သည် စစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် ချင်းပြည်နယ်တွင် တိုက်ပွဲဝင်လျက်ရှိရာ မကြာသေးခင် ရက်ပိုင်းက အခြေခံ စစ်သင်တန်းတက်ရောက်ရန် လူငယ်များကို ဖိတ်ခေါ်ထားပြီး ဟားခါးမြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...