မိုးကုတ် ဗုံးထပ်ကြဲခံရ ၁၀ နှစ်ဝန်းကျင် ညီအကို ၂ ဦးသေဆုံး

မိုးကုတ် ဗုံးထပ်ကြဲခံရ ၁၀ နှစ်ဝန်းကျင် ညီအကို ၂ ဦးသေဆုံး

မန္တလေးတိုင်း မိုးကုတ်မြို့ကို ဝါဆိုလပြည့်နေ့တွင် စစ်ကောင်စီက လေကြောင်းထပ်မံဗုံးကြဲတိုက်ခိုက်သဖြင့် အသက် ၁၀ နှစ် နှင့် ၁၂ နှစ်ဝန်းကျင်အရွယ် ညီအကိုနှစ်ဦး သေဆုံးကာ ကလေး သုံးဦးအပါအဝင် ရှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“တအိမ်တည်းက ညီအကိုအရင်း။ ဂေါ်ရခါးတွေထုံးစံအရ ချက်ချင်းသင်္ဂြိုဟ်ရတော့ ဒီနေ့ သင်္ဂြိုဟ်မယ်ထင်တယ်။ ကလေးတွေကများတော့ တခြားအိမ်တွေကိုလည်းထိတော့ ကလေးတွေထိကုန်တာ” ဟု မိုးကုတ်မြို့ခံက ပြောသည်။

ပြင်ဦးလွင်မှ မိုးကုတ်မြို့အဝင် မိုးကုတ်မြို့ အရှေ့ခြမ်း ပန်းမထိပ်ရပ်ကွက်ကို ဇူလိုင် ၉ ရက် ည ၈ နာရီအချိန်ခန့်၌ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ခြောက်လုံး ပျက်စီးကာ နွား ခုနစ်ကောင်သေဆုံးခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

ဇူလိုင်လ ၈ ရက်နေ့တွင်လည်း မိုးကုတ်မြို့ အနောက်ခြမ်း ကိုယ်ပိုင်အထက်တန်းကျောင်းတခုအနီးကို ယနေ့(ဇူလိုင် ၁၀ ရက်)နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် မပြူး၊ အရီနှင့် ကိုတိုး ဆိုသူတို့ သေဆုံးခဲ့ပြီး ကျောင်းတက်နေသည့် ကလေးအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ထို့ကြောင့် ဝါဆိုလ အဖိတ်နေ့ နှင့် ဥပုသ်နေ့တို့တွင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မိုးကုတ်တွင် ကလေးနှစ်ဦး အပါအဝင် ဒေသခံ ငါးဦး သေဆုံးခဲ့ရသည်။

နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မြို့ခံများ စိုးရိမ်ထိတ်လန့်နေကြသော်လည်း ဈေးများ ကျောင်းများ ပုံမှန်သွားလာရောင်းဝယ်နေကြရဆဲဟု ဆိုသည်။

“အလုပ်တော့ဖြစ်နေကြတာပဲ စစ်ဖြစ်ခါစကလို ဆန်မရှိဘာညာအသံတွေ မရှိတော့ဘူး အထိတ်တလန့် ဖြစ်ကြပေမဲ့ ခဏပဲ ရိုးနေသလိုပေါ့” ဟု မိုးကုတ်မြို့ခံက ပြောသည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ရာ မြို့များကို ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဇွန်လ တလအတွင်း မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ နမ္မတူ မြို့တို့တွင် လေကြောင်း၊ လက်နက်ကြီး နှင့် ဒရုန်းကြောင့် ကလေး နှစ်ဦးအပါအဝင် ပြည်သူ ငါးဦးသေဆုံးပြီး ၃၂ ဦး ထိခိုက်ကာ နေအိမ် ၇၅ လုံး၊ ဘုန်းကြီးကျောင်းလေးကြောင်း နှင့် စာသင်ကျောင်း လေးကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း TNLA က ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ထားသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...