ဖယ်ခုံမြို့နယ် စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ မိသားစုဝင် (၃) ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိဟု ကနဦးသိရ

ဖယ်ခုံမြို့နယ် စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ မိသားစုဝင် (၃) ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိဟု ကနဦးသိရ

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် (၃) ဦး သေဆုံးခဲ့ပြီး (၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့ ည ၁၁ နာရီမှာ တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ကနဦး သိရတဲ့ အချက်အလက်တွေအရ သေဆုံးသူ မိသားစု (၃) ဦးမှာ အမျိုးသမီး (၂) ဦးနဲ့ အမျိုးသားတစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“သေဆုံးခဲ့သူ မိသားစုဝင် (၃)ဦးက အသက် ၃ နှစ်ကျော် အမျိုသမီးငယ် တစ်ဦး၊ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက်၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်တယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရှိသူ ၂ ဦးထဲမှာ အသက် ၃၀ အရွယ် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးလည်းပါဝင်သလို အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးလည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကြဲသွားတဲ့နေရာမှာ ၃ဦး ပွဲချင်းပြီးသေသွားတယ်။ မိသားစုတွေပေါ့။ ထိခိုက်သူက ၅ ဦးထိခိုက်သွားတယ်။” လို့ စစ်ရှောင်ကူညီဆောင်ရွက်သူ တစ်ဦးက ဆိုပါတယ်။

ပြည်သူ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး တိုးတက်သော တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF ) အဖွဲ့အပြင် အခြားသော စစ်ရှောင်ကူညီဆောင်ရွက်သူအချို့လည်း သူတို့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာမှာ ပြည်သူ ၃ ဦး သေဆုံးပြီ ၂ ဦးထိခိုက်ဒဏ်ရရှိတယ်လို့ ကနဦးသိရှိကြောင်းကိုလည်း ဖော်ပြထားကြတာ ရှိပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...