တမူးမြို့မှာ ညပိုင်းအပြင်ထွက်သူတွေကို စစ်ကောင်စီတပ်ကဖမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ဆို

တမူးမြို့မှာ ညပိုင်းအပြင်ထွက်သူတွေကို စစ်ကောင်စီတပ်ကဖမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ဆို

အိန္ဒိယ – မြန်မာ နယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့ပေါ်မှာ ည ၈ နာရီနောက်ပိုင်း အိမ်အပြင်မှာ တွေ့သမျှလူတွေကို စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးတွေက လိုက်လံဖမ်းဆီးပြီး နောက်တနေ့ ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ လုပ်နေတယ်လို့ တမူးမြို့နေ ဒေသခံတစ်ဦးက ပြောပါတယ်။

တမူးမြို့နေ ဒေသခံတစ်ဦးက “ဈေးသစ် ၉ ၊ ဈေးသစ် ၁၀ ဘက်တွေမှာ တော်တော်ဆိုးတယ်။ ည ၈ နာရီကျော်လို့ အိမ်အပြင်၊ အပြင်မှာ တွေ့သမျှကို ဖမ်းကြတယ်။ ပြီးတော့ နောက်နေ့ ငွေနဲ့ ပြန်ရွေးခိုင်းနေကြတယ်။ ပြန်ရွေးခိုင်းရင် လူတစ်ဦးကို အနည်းဆုံး ၅ သိန်း ပေးရတယ်။ တချို့ဆို ၁၂ သိန်းထိ တောင်းတာတွေရှိတယ်။ တစ်ဦးနဲ့ တစ်ဦးကို တောင်းတဲ့ဈေးမတူဘူး။ မိန်းကလေးဖြစ်ဖြစ်၊ ယောကျာ်းလေးဖြစ်ဖြစ်၊ ည ၈ နာရီနောက်ပိုင်းဆိုရင် အိမ်ပြင်မှာတွေ့ရင် ဖမ်းတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ တမူးမြို့က ဈေးသစ် ၉၊ ဈေးသစ် ၁၀ ဘက်မှာ တခြားရပ်ကွက်နေရာတွေထက် ညပိုင်း ဖမ်းဆီးတာတွေ ကြမ်းနေတယ်လို့ သိရပြီး၊ ငွေရဖို့အတွက် အခုလိုလုပ်တာဖြစ်တယ်လို့လည်း တမူးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီမှာရှိတဲ့ စစ်သင်တန်းတက်ချင်နေတဲ့ ပျူတွေတောင် သူတို့ ( စစ်ကောင်စီတပ်ဖွဲ့) က စစ်သင်တန်းပေးဖို့ မလုပ်ပေးနိုင်ဘူး။ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေလည်း ဒီဘက်ကို လူလာသယ်တာတွေ သိပ်မလုပ်နိုင်လို့ထင်တယ်။ အခုလို ညပိုင်း အပြင်ထွက်တာတွေကို ဖမ်းတာက စစ်မှုထမ်းအတွက် လူစုတာမျိုးမဟုတ်ဘူး သူတို့ငွေရဖို့အတွက် လုပ်နေကြတာဖြစ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲပဋိပက္ခတွေကြောင့် တမူးမြို့ကို စစ်ဘေးလာရှောင်နေကြသူတွေရှိသလို တမူးကနေတဆင့် အိန္ဒိယဘက်ကို စစ်ဘေးရှောင်သူတွေလည်း ရှိနေပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...