တမူးမြို့မှာ ညပိုင်းအပြင်ထွက်သူတွေကို စစ်ကောင်စီတပ်ကဖမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ဆို

တမူးမြို့မှာ ညပိုင်းအပြင်ထွက်သူတွေကို စစ်ကောင်စီတပ်ကဖမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ဆို

အိန္ဒိယ – မြန်မာ နယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့ပေါ်မှာ ည ၈ နာရီနောက်ပိုင်း အိမ်အပြင်မှာ တွေ့သမျှလူတွေကို စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးတွေက လိုက်လံဖမ်းဆီးပြီး နောက်တနေ့ ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ လုပ်နေတယ်လို့ တမူးမြို့နေ ဒေသခံတစ်ဦးက ပြောပါတယ်။

တမူးမြို့နေ ဒေသခံတစ်ဦးက “ဈေးသစ် ၉ ၊ ဈေးသစ် ၁၀ ဘက်တွေမှာ တော်တော်ဆိုးတယ်။ ည ၈ နာရီကျော်လို့ အိမ်အပြင်၊ အပြင်မှာ တွေ့သမျှကို ဖမ်းကြတယ်။ ပြီးတော့ နောက်နေ့ ငွေနဲ့ ပြန်ရွေးခိုင်းနေကြတယ်။ ပြန်ရွေးခိုင်းရင် လူတစ်ဦးကို အနည်းဆုံး ၅ သိန်း ပေးရတယ်။ တချို့ဆို ၁၂ သိန်းထိ တောင်းတာတွေရှိတယ်။ တစ်ဦးနဲ့ တစ်ဦးကို တောင်းတဲ့ဈေးမတူဘူး။ မိန်းကလေးဖြစ်ဖြစ်၊ ယောကျာ်းလေးဖြစ်ဖြစ်၊ ည ၈ နာရီနောက်ပိုင်းဆိုရင် အိမ်ပြင်မှာတွေ့ရင် ဖမ်းတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ တမူးမြို့က ဈေးသစ် ၉၊ ဈေးသစ် ၁၀ ဘက်မှာ တခြားရပ်ကွက်နေရာတွေထက် ညပိုင်း ဖမ်းဆီးတာတွေ ကြမ်းနေတယ်လို့ သိရပြီး၊ ငွေရဖို့အတွက် အခုလိုလုပ်တာဖြစ်တယ်လို့လည်း တမူးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီမှာရှိတဲ့ စစ်သင်တန်းတက်ချင်နေတဲ့ ပျူတွေတောင် သူတို့ ( စစ်ကောင်စီတပ်ဖွဲ့) က စစ်သင်တန်းပေးဖို့ မလုပ်ပေးနိုင်ဘူး။ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေလည်း ဒီဘက်ကို လူလာသယ်တာတွေ သိပ်မလုပ်နိုင်လို့ထင်တယ်။ အခုလို ညပိုင်း အပြင်ထွက်တာတွေကို ဖမ်းတာက စစ်မှုထမ်းအတွက် လူစုတာမျိုးမဟုတ်ဘူး သူတို့ငွေရဖို့အတွက် လုပ်နေကြတာဖြစ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲပဋိပက္ခတွေကြောင့် တမူးမြို့ကို စစ်ဘေးလာရှောင်နေကြသူတွေရှိသလို တမူးကနေတဆင့် အိန္ဒိယဘက်ကို စစ်ဘေးရှောင်သူတွေလည်း ရှိနေပါတယ်။

January 30, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ြ Sunthla ကျေးရွာကို စစ်ကော်မရှင်က မနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ညက...
January 29, 2026
ဇန်နဝါရီလ ၂၅ ရက်နေ့က တီးတိန်မြို့နယ် New Suangpi ရွာမှာ စစ်ရှောင်ရာကနေ နေအိမ်ကို စောင့်ကြည့်ဖို့...
January 28, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို အင်အားဖြည့်ဖို့...
January 24, 2026
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ မနေ့ သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်ညမှာ ကျင်းပတဲ့ ONE Championship...