KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား တစ်ပတ်အတွင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီက လေကြောင်းကနေ ၈၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်

KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား တစ်ပတ်အတွင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီက လေကြောင်းကနေ ၈၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တစ်ပတ်တာအတွင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ၈၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဗန်းမော်၊ ဝိုင်းမော် လမြန်နဲ့ ဖားကန့်နယ်မြေတွေဘက် နေ့တိုင်းတိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲပေါင်း ၇ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ဇွန်လ ၂၉ ရက်က ထုတ်လွှင့်တဲ့ သတင်းရုပ်သံအစီအစဉ်ကနေ တစ်ဆင့် သိရတာပါ။

ဒါ့အပြင် စစ်ရေးတင်းမာနေတဲ့ ဗန်းမော်မြို့ဘက် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီး/ငယ်တွေနဲ့ နေ့တိုင်း ပစ်ခတ်တိုက်ခိုက်တာရှိတယ်လို့ ဖော်ပြထားပြီး စစ်ကောင်စီကနေ လေယာဉ် ဗုံး ၂၃ ကြိမ်၊ ဒရုန်းဗုံး ၆၅ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၁၄၁ ကြိမ် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇွန်လ ၂၇ ရက်နေ့ တစ်ရက်အတွင်းမှာပဲ လေယာဉ်ဗုံး ၉ ကြိမ်၊ ဒရုန်းဗုံး ၂၇ ကြိမ်၊ လက်နက်ကြီး ၆၅ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် တစ်ပတ်တာအတွင်း အကြိမ်ရေအများဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဝိုင်းမော်၊ လမြန်ကျေးရွာဘက်မှာလည်း စစ်ကောင်စီဘက်က ခြေလျင်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ခုခံတိုက်ခိုက်တာ တစ်ကြိမ်ရှိပြီး မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဘက်ကလည်း လက်နက်ကြီး၊ ဒရုန်းဗုံးကြဲတာတွေ နေ့တိုင်းလိုလို ရှိတယ်လို့ ဆိုပါတယ်။

KIA ပူးပေါင်းတပ်ကလည်း ခုခံတိုက်ခိုက်ပြီး မြေနေရာတွေ လက်မလွှတ်ရအောင် ဆက်လက် ကာကွယ်နေဆဲ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ တတိယအပတ် တစ်ပတ်တာအတွင်း သတင်းစုစည်းတင်ပြထားချက်အရလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တစ်ပတ်တာအတွင်း တိုက်ပွဲပေါင်း ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ အကြိမ် ၁၆၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေလ တတိယပတ်ကနေ ဇွန်လ ဒုတိယပတ်အထိ ရက်ပေါင်း ၃၀ အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ဖွဲ့တွေ နေရာယူထားတဲ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ် ၃၃၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။။

ဇွန်လ ၂၄ ရက်နေ့ မနက်ကနေစပြီး ဖားကန့်ဒေသ ကျေးရွာအချို့မှာ စစ်ရေးတင်းမာနေပြီး ဝိုင်းမော်၊ လမြန်ကျေးရွာအနီးတစ်ဝိုက် စစ်ကောင်စီဘက်က ဇွန်လ ၂၂ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ရှိတယ်လို့လည်း ထပ်မံဖော်ပြထားပါတယ်။

February 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စု...
February 17, 2026
အာဏာသိမ်းကာလ ၅ နှစ်အတွင်း ကြီးမားတဲ့ ထောင်တွင်းဆန္ဒပြလှုပ်ရှားမှု ၁၈ ကြိမ် ထက်မနည်း...
February 12, 2026
အမေရိကန်အောက်လွှတ်တော်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ကို အရေးယူမယ့် BRAVE Burma Act...
ဓါတ်ပုံ- KIA ပူးပေါင်းတပ်ဖွဲ့များ ဗန်းမော်လေဆိပ်ကို သိမ်းပိုက်ခဲ့စဉ်။
February 11, 2026
ဗန်းမော်တိုက်ပွဲဟာ အရင်းအနှီးများပြီး အချိန်ကြာမယ်ဆိုတာ သိပေမဲ့ လိုအပ်လို့တိုက်တဲ့...