ဗန်းမောက်မြို့နယ် အနောက်ပိုင်း မံစီကြီးဒေသစိတ်တစ်ခုလုံးနီးပါး ငှက်ဖျားရောဂါပျံ့နှံ့လာ

ဗန်းမောက်မြို့နယ် အနောက်ပိုင်း မံစီကြီးဒေသစိတ်တစ်ခုလုံးနီးပါး ငှက်ဖျားရောဂါပျံ့နှံ့လာ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အနောက်ပိုင်း မံစီကြီးဒေသစိတ်မှာ ဇွန်လနှောင်းပိုင်းအတွင်း ငှက်ဖျားရောဂါကူးစက်မှု ပိုမိုများပြားလာနေတယ်လို့ ဒေသခံတွေဆီမှ လေ့လာသိရှိရပါတယ်။

လက်ရှိမှာ မံစီကြီးဒေသစိတ်တစ်ခုလုံးနီးပါး  ငှက်ဖျားရောဂါကူးစက်ပျံ့နှံ့နေပြီး လက်ရှိအထိ ကူးစက်သူ (၂၆၀) ကျော်ရှိထားတယ်လို့  မံစီကြီးဒေသစိတ်  ကျန်းမာရေးတာဝန်ခံက ပြောပြပါတယ်။

“ဖြစ်တာကတော့ မေ၊ ၂၀၂၅ စဝင်ကတည်းက စဖြစ်တာပါ။ အခု ဇွန်လတွင်းမှာ ပိုမိုဆိုးဝါးလာတာ တွေ့ရတယ်။ ၂၀၂၅ မေလကနေ ဇွန်လ (၁၃) ရက်နေ့ထိ Malaria positive/ p.v/ p.f/mixed infection ပိုးသုံးမျိုးလုံး ငှက်ဖျားပိုးတွေ့ရှိလူနာပေါင်း သက်ကြီး၊ သက်ငယ်၊ လသားကလေးများ ကျား/မ စုစုပေါင်း ၂၆၃ ဦး ရှိလာပြီဗျ” လို့ မံစီကြီးဒေသစိတ် SNA ရဲ့ ကျန်းမာရေးမှူး ဆရာကျော်က ရှမ်းနီအသံကို ပေးပို့ပြောပါတယ်။

ငှက်ဖျားကူးစက်သူဦးရေတွေဟာ တိုးများလာနေသလို ကူးစက်တဲ့ ငှက်ဖျားပိုးအမျိုးအစားကလည်း ပြင်းထန်တဲ့ ပိုးအမျိုးအစားဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

လက်ရှိမှာ ငှက်ဖျားရောဂါကူးစက်မှု ပိုမိုးများပြားလာသည်နှင့်အမျှ  ငှက်ဖျားရောဂါကုသဆေးဝါးတွေလည်း ဝယ်ယူရရှိမှုနှင့် သယ်ယူပို့ဆောင်မှုပိုင်းမှာ အခက်ခဲတွေရှိနေတာအပြင် ဒေသတွင်းမှာလည်း ငှက်ဖျားရောဂါကုသဆေးဝါး (Anti-malaria drugs) တွေ ပြတ်လတ်နေတယ်လို့လည်း ဆိုပါတယ်။

ဗန်းမောက်မြို့နယ်တွင်း ငှက်ဖျားရောဂါကူးစက်မှုဟာ သက်ကြီး၊ သက်လတ်၊ လူငယ်လူရွယ် ကျား/မ အရွယ်စုံ ဖြစ်ပွားနေကြပြီး ရဟန်းသံဃာတွေပါ ငှက်ဖျားကူးစက်ခံရသည်အထိ ဆိုးရွားစွာ ပျံ့နှံ့လာနေတာလည်းဖြစ်ပါတယ်။

ကျေးရွာ ၁၀ ရွာပါဝင်တဲ့ မံစီကြီးဒေသစိတ်အတွင်းက ငှက်ဖျားကူးစက်ပြီး အရေးပေါ်ဖြစ်တဲ့ လူနာတွေကိုတော့ ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသမှုတွေ ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းမှာ ဗန်းမောက်မြို့နယ်ဟာ ငှက်ဖျားကူးစက်မှု အမြင့်ဆုံးစာရင်းထဲမှာပါဝင်နေပြီး ၂၀၁၅ ခုနှစ်ကနေစတင်ပြီး စစ်ဆေးရာမှာ ၂၀၁၆ တွင် ငှက်ဖျားပိုးတွေ့ရှိသူ (၃၀၀၀) ကျော်၊ ၂၀၁၇ တွင် (၂၀၀၀) ကျော်၊ ၂၀၁၈ တွင် (၁၇၀၀) ကျော်၊ ၂၀၁၉ တွင် (၈၀၀) ကျော်၊ ၂၀၂၀ တွင် (၆၀၀) ကျော်နှင့် ၂၀၂၁ ဇွန်လ ၁၀ ရက်အထိ ငှက်ဖျားပိုးစစ်ဆေးကုသပေးခဲ့ရာ (၃၀၀) ကျော်ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...