လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်

လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ သဲနုကုန်းကျေးရွာ နယ်မြေရဲစခန်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ပုသိမ် - မုံရွာလမ်းမရှိ သဲနုကုန်းရွာတွင် အခြေစိုက်ထားသည့် အဆိုပါ နယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များက ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

"အခုသိမ်းခံလိုက်ရတဲ့ စခန်းက နယ်မြေရဲစခန်းပါ။ အရင်က အင်အားသိပ်မရှိပေမယ့် အခု စစ်သားတွေနဲ့ ပူးပေါင်းထားတာ။ လက်ရှိမှာလည်း သဲနုကုန်း၊ ချင်းကုန်း အနီးတစ်ဝိုက်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန် နေကြတယ်။ စစ်ကောင်စီဘက်က Y-12 တွေအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်" ဟု လေးမျက်နှာမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

သဲနုကုန်းရဲစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်ရှိ ရေဖြူကျေးရွာတွင် တပ်စွဲထားပြီး ထိုနေရာမှ ကျားကိုက်နှင့် သဲနုကုန်းရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်နေကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ကျားတိုက်၊ သဲနုကုန်း၊ စောပြာနှင့် ရေဖြူစသည့် ကျေးရွာများမှ ဒေသခံထောင်နှင့်ချီမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

လက်ရှိ ပုသိမ် - မုံရွာလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေ၍ လုံခြုံမည့် နေရာများသို့ တိမ်းရှောင်ရန် အခက်အခဲများရှိနေကြောင်း ဒေသခံများက ပြောကြသည်။

ရေကြည်မြို့နယ်ရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းတွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် အဓိက ခုခံနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

"အမြောက်တပ်က တိုက်ပွဲပြင်းထန်နေဆဲပဲ။ ဒီနေ့ မနက်ပိုင်းအထိ ပစ်ခတ်မှုတွေ ရှိကြတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူနဲ့ ရေနံသာဂိတ်ဘက်က ပစ်ကူပေးတိုက်ခိုက်နေတာ ရှိတယ်။ ထိုးစစ်ကတော့ အတွင်းပိုင်းအထိ ရောက်သွားပြီလို့ ပြောလို့ရတယ်" ဟု မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောသည်။

AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ကြောင့် အမှတ် (၃၄၄) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထွက်ပြေးမှုရှိနေပြီး လက်နက်များနှင့်အတူ ဖမ်းဆီးရမိသူများလည်းရှိကြောင်း အဆိုပါ သတင်းရင်းမြစ်ထံမှ သိရသည်။

အမှတ် (၃၄၄) တပ်ရင်း စတင်တိုက်ခိုက်ခံရချိန်မှစ၍ စခန်းအတွင်းမှ လက်နက်ခဲယမ်းအများအပြားကို ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းသို့ ရွှေ့ပြောင်းကာ ကျုံပျော်နှင့် ရေကြည်မြို့တွင် ခံစစ်ပြင်ထားသည်။

ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...