ကျောင်းသားတွေ စာသင်တဲ့နေရာ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရ

ကျောင်းသားတွေ စာသင်တဲ့နေရာ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရ
လအိကျေးရွာက စာသင်ကြားတဲ့နေရာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ မြင်ကွင်းတချို့။ (ဓါတ်ပုံ - ကန္တာရဝတီတိုင်း (မ်) )
လအိကျေးရွာက စာသင်ကြားတဲ့နေရာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ မြင်ကွင်းတချို့။ (ဓါတ်ပုံ - ကန္တာရဝတီတိုင်း (မ်) )

ရှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ လအိကျေးရွာက ကျောင်းသားတွေ စာသင်ကြားနေတဲ့နေရာဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီကျော်အချိန်မှာ အသေခံ ဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခံရလို့ ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

“ကလေးက ၂ ယောက်ထိတယ်။ လက်မှာတစ်ယောက်ထိတယ် ခြေထောက်မှာ တစ်ယောက်ထိတယ်။ ကလေးနဲ့ ဆရာမတွေပဲရှိတာ စာသင်ချိန်ဆို။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ် လက်နက်ကြီးပစ်ပြီးမှ ဒရုန်းနဲ့ပစ်တာ။ ပထမတစ်ကြိမ် ကြားတော့ စာသင်ဆောင်မှာ ကလေးတွေစာရေးနေကြတာ ကလေးတွေလည်း ထွက်ပြေးကြတယ်။ မှန်စလည်းကွဲသွားတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းနှစ်စီးနဲ့ လအိကျေးရွာက ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ပစ်ခတ်လာတာဖြစ်တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် မူလတန်းအရွယ် ကလေးငယ်နှစ်ဦး ရှထိခဲ့သလို ဘုန်းကြီးကျောင်း ပရဝဏ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။

ဒရုန်းနဲ့ ပစ်ခတ်မှုမပြုလုပ်ခင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို ကလေးငယ်တွေ စာသင်ကြားတဲ့နေရာကို အခုလို အသေခံဒရုန်းနဲ့ပစ်ခတ်မှုကြောင့် လုံခြုံရေး စိုးရိမ်မှုရှိတယ်လို့ ကျောင်းသားမိဘတစ်ဦးက အခုလိုပြောပါတယ်။

“ဒရုန်းတော့တွေ့တယ် သူ့အသံက ချိန်းဇောဖြတ်တဲ့အသံမျိုး၊ အသံကြားတော့ ကျမတို့ ထွက်ပြေးကြတယ်။ နောက်တစ်လုံးထပ်လာတယ် ကလေးတွေလည်း ထွက်ပြေးကြတယ်။ ကွဲတာ အသံကျယ်တယ်။ ကျမတို့ကလေးအတွက် တအားစိုးရိမ်တယ် ပြီးတော့ ဘုန်းကြီးကျောင်းဆိုတော့ မထင်မှတ်ထားဘူးပေါ့ လုံခြုံတယ်ပေါ့ အဲ့မျိုးထင်တာပေါ့။ ကိုယ့်ကလေးကိုလည်း တအားစိတ်ပူတယ်လေ” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

အဆိုပါ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းဟာ ဒီကနေ့မှာ ကျောင်းသားတွေကို စတင်လက်ခံသင်ကြားနေတာဖြစ်ပြီး အခုလို အသေခံဒရုန်းတွေနဲ့ ပစ်ခတ်ခံရမှုကြောင့် ကျောင်းကို ယာယီပိတ်ထားလိုက်ရပါတယ်။

Most read this week

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...