မဲဆောက်တွင် သုံးဘီးနှင့် မြန်မာစားသောက်ကုန် အရောင်းဆိုင်များကို ရှောင်တခင် စစ်ဆေးဖမ်းဆီး

မဲဆောက်တွင် သုံးဘီးနှင့် မြန်မာစားသောက်ကုန် အရောင်းဆိုင်များကို ရှောင်တခင် စစ်ဆေးဖမ်းဆီး

ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့၌ အထောက်အထားမဲ့ သုံးဘီးဆိုင်ကယ်များနှင့် မြန်မာပြည် စားသောက်ကုန် ရောင်းချသည့် ဆိုင်များကို ဇွန် ၁၇ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက မဲဆောက်ဈေးကြီး အနီးတဝိုက်တွင် ရှောင်တခင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

အထောက်အထားနှင့် လုပ်ငန်းလိုင်စင် မရှိသည့် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာ ၇ ဦးကို ဇွန် ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု တာ့ခ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ခဲ့ပြီး ယနေ့ ဇွန် ၁၇ ရက်နေ့တွင် သုံးဘီး ဆိုင်ကယ် ၁၀ စီး ကျော်ကို စစ်ဆေးဖမ်းဆီးခဲ့သည်ဟု မဲဆောက်အာဏာပိုင်များနှင့် နီးစပ်သူ သတင်းရင်းမြစ်က ယခုလို ပြောသည်။

“မဲဆောက်မှာ တောမောင်း (လဝက) နဲ့ ရဲယာဉ်ထိမ်းတပ်ဖွဲ့တွေက E-bike တွေကို ဇွန် ၆ရက်က စဖမ်းတယ်။ မိရင် သိမ်းတယ်။ အခု ၁၀ ရက် နောက်ပိုင်း ဆန်လော(သုံးဘီး)တွေ ဖမ်းတယ်။ ဈေးထဲက မြန်မာစားသာက်ကုန်ဆိုင် တွေကို စစ်တယ်။ လူအထောက်အထား၊ ဆိုင်ခွန်၊ စည်ပင်လိုင်စင်တွေ စစ်တယ်။ အထောက်အထားမရှိဘဲ ဈေးဆိုင် ဖွင့်တာ၊ ဈေးရောင်းတာ ဖမ်းတယ်” ဟု ၎င်းက ပြောသည်။

ယခုလို တရားမဝင် အထောက်အထားမဲ့ နေထိုင်သူများ၊ အလုပ်လုပ်ကိုင်သူများ၊ ဈေး‌ရောင်း၊ ဈေးဝယ်လုပ်ငန်း လုပ်သူများနှင့် မြန်မာဆိုင်းဘုတ်တပ် ဈေးဆိုင်၊ အကောက်ခွန်မဲ့ တင်သွင်း ရောင်းချသည့် ဆိုင်များကို ဖမ်းဆီးအရေးယူမည့်အပေါ် ရွှေ့ပြောင်း မြန်မာပြည်သားများ အနေဖြင့် စိုးရိမ်စိတ် ဖြစ်ပေါ်နေသည်ဟု သိရသည်။

”ဒီ ၁၉ ရက်ကနေ လကုန်အထိ အထောက်အထားမဲ့တွေ၊ မြန်မာဆိုင်တွေဝင်စစ်၊ဝင်ဖမ်းမယ်ဆိုတာ သတင်းပြန့်နေတယ်၊ပန်းရောင်ကဒ်၊ Ci ပတ်စပို့ တွေ ကလည်း သက်တမ်းတိုးတာတို့၊ အသစ်ထွက်တာတို့က လုပ်ငန်းစဉ် တွေ ရပ်ထားတယ်။ လူတော် တော်များများ အထောက်အထားတွေ လုပ်ထားကြတာက မပြည်မစုံတွေ ဖြစ်နေ တယ်၊ အခုလို့ စစ်မယ်၊ ဖမ်းမယ်ဆို လုပ်လက်စ အလုပ်တွေရပ်ပြီး အပြင်မထွက်ဘဲ နေကြတယ်” ဟု ရွှေ့ပြောင်း မြန်မာ အလုပ်သမား တစ်ဦးက ပြောသည်။

မဲဆောက်တွင် သုံးဘီးဆိုင်ကယ်များ၊ လျှပ်စစ်စက်ဘီး (E-bike) များကို အမြန်လမ်းမကြီးများ၊ မြို့တွင်းမြို့ပြင် လမ်းဆုံနေရာများ၌ ထိုင်းအာဏာပိုင်အဖွဲ့စုံက ရှောင်တခင်ဂိတ်ချ ဖမ်းဆီးနေပြီး ဈေးများ၊ ရပ်ကွက်အတွင်းရှိ မြန်မာစားသာက်ကုန် အရောင်းဆိုင်များကိုလည်း ဝင်ရောက်စစ်ဆးမှုများကို ဇွန်လကုန်အထိ လုပ်ဆောင်သွားမည်ဟု မဲဆောက်အုပ်ချုပ်ရေး အာဏာပိုင်များနှင့် နီးစပ်သူများထံမှ သိရသည်။

Most read this week

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...