ထီးချိုင့်မြို့နယ်အတွင်းရှိ NUG စိုးမိုးနယ်မြေထဲက ဂိတ်နေရာတွေ ဗုံးကြဲခံရ

ထီးချိုင့်မြို့နယ်အတွင်းရှိ NUG စိုးမိုးနယ်မြေထဲက ဂိတ်နေရာတွေ ဗုံးကြဲခံရ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်အတွင်းမှာ NUG ရဲ့ စိုးမိုးနယ်မြေထဲက ဂိတ်တွေဖွင့်လှစ်ထားတဲ့ နေရာတွေကို စစ်ကောင်စီက ဦးတည်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဒီတစ်ပတ်ကြဲတာ နှစ်နေရာပဲရှိတယ်။ ပေါက်ကုန်းနဲ့ တောမ၊ ကြူတောင်ပတ်လည်နဲ့ ပေါက်ကုန်းနဲ့ပဲကြဲတာ။ သူတို့ဂိတ်ဖွင့်တဲ့နေရာတွေ စခန်းချတဲ့နေရာတွေကို ကြဲတာပ။ ဟိုလို စစ်ဆင်ရေးပုံစံလိုမျိုး ထူးထူးရှားရှားမရှိပါဘူး” လို့ စိုးမိုးနယ်မြေအတွင်းနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လ ၇ ရက်နေ့မှာ ထီးချိုင့်မြို့နယ်ထဲက ပေါက်ကုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးတချို့နဲ့ လူထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဒါ့အပြင် မရသိမ်ကျေးရွာအနီးတဝိုက်နဲ့ ကြူတောင်အနီးတဝိုက်ကိုလည်း ဇွန်လ ၇ ရက်နေ့ ည ၉ နာရီအချိန်မှာ နောက်ထပ်ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလလယ်မှာလည်း လေးရက်ဆက် ငပိချောင်းကျေးရွာအနီးတဝိုက်ရှိ မြတ်နိုးသူ သစ်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ သစ်ကွင်းတွေထဲကို လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပြီး လူအထိအခိုက်မရှိဘူးလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

ထီးချိုင့်မြို့နယ်မှာ မြို့သိမ်းတိုက်ပွဲရပ်နားသွားပြီးနောက် မြို့ပေါ်နဲ့အနီးတဝိုက်ကို စစ်ကောင်စီက စိုးမိုးထားပြီး ကျေးလက်ဒေသအားလုံးကိုတော့ NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ) တွေက ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

ထီးချိုင့်မြို့ကို မြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသူများဟာ ကာလရှည်ကြာလာပြီး အစားအသောက်ခက်ခဲလာမှုတွေကြောင့် မြို့ကနေ စွန့်ခွာမှုတွေ များပြားလာနေကြောင်းသိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...