ထိုင်း-ကရင်နီ နယ်စပ် စစ်ရှောင်စစ်ခန်း (၂) နေရာမှာ ရာသီကူးပြောင်းကာလအတွင်း ဖျားနာတဲ့ လူနာဦးရေ များပြားလာ

ထိုင်း-ကရင်နီ နယ်စပ် စစ်ရှောင်စစ်ခန်း (၂) နေရာမှာ ရာသီကူးပြောင်းကာလအတွင်း ဖျားနာတဲ့ လူနာဦးရေ များပြားလာ

ထိုင်း – ကရင်နီ နယ်စပ်က စစ်ရှောင် စခန်းအမှတ် (၈) နဲ အမှတ် (၉) တို့မှာ ရာသီကူးပြောင်းမှုကြောင့် တစ်ရက်ကို ပျမ်းမျှအားဖြင့် ဖျားနာသူ လူနာ အယောက် (၄၀) ကနေ (၅၀) အထိ ဆေးခန်းကို ပုံမှန် လာရောက်ပြသနေကြတယ်လို့ သိရပါတယ်။

လာရောက်ပြသကြတဲ့ လူနာတွေ ထဲမှာတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရေပြားယားနာနဲ့ ငှက်ဖျားရောဂါ စတာတွေကို အများဆုံး တွေ့ရတယ်လို့ စစ်ရှောင် အမှတ် (၈) နှင့် အမှတ် (၉) ရဲ့ ကျန်းမာရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။

“တစ်ရက်ကိုလူနာ အယောက် (၄၀) ကနေ (၅၀) အထိ လာရောက်ပြကြတယ်။ အဲဒီထဲမှာမှ အသက်ရှူလမ်းကြောင်းတွေ ၊ skin (အရေပြားယားနာ) တချို့ပါမယ်၊ ငှက်ဖျားတချို့ပါမယ်။ ကြားထဲမှာလည်း တခြားရောဂါတွေ အများကြီးပါသေးတယ်” လို့ စစ်ရှောင် အမှတ် (၈) နှင့် အမှတ် (၉) ရဲ့ ကျန်းမာရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။

ပုံမှန်အားဖြင့် ဆေးခန်းဖွင့်ချိန်တွေ သတ်မှတ်ထားပေးမယ့်လည်း ဖျားနာသူ လူနာတွေများပြီး အဆက်မပြတ် လာရောက်ပြသတာကြောင့် ကျန်းမာရေး ဆရာ/မတွေအနေနဲ့ မနားတမ်း ကုသပေးနေရတယ်လို့ ဆိုပါတယ်။

ဒီကနေ့ (ဇွန်လ ၃ ရက်နေ့) ထိတော့ ဆေးဝါးတွေတော့ လုံလောက်မှု ရှိနေသေးပေမယ့် ရေရှည်မှာတော့ ဆေးဝါးလိုအပ်ချက်တွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်း (၂) ခုမှာ လူဦးရေ နှစ်ထောင်နီးပါးရှိပြီး ဘောလခဲဒေသဘက်ကနေ လာရောက်တိမ်းရှောင်ကြတာ ဖြစ်ပါတယ်။

Most read this week

August 4, 2026
စက်သုံးဆီဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာခြင်းကြောင့် စပါးရိတ်သိမ်းရာသီတွင်...
August 3, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများ အတူ...
July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...