ရှမ်း-ကရင်နီ နယ်စပ်က တိုက်ပွဲကြောင်းထွက်ပြေးလာတဲ့ လယ်ထွန်စစ်ဘေးရှောင်တွေအတွက် မိုးကာနဲ့ အသုံးအဆောင်ပစ္စည်း အရေးပေါ် လိုအပ်နေ

ရှမ်း-ကရင်နီ နယ်စပ်က တိုက်ပွဲကြောင်းထွက်ပြေးလာတဲ့ လယ်ထွန်စစ်ဘေးရှောင်တွေအတွက် မိုးကာနဲ့ အသုံးအဆောင်ပစ္စည်း အရေးပေါ် လိုအပ်နေ

ရှမ်း-ကရင်နီနယ်စပ်မှာ ရက်ဆက်ပြီးဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုးဗြဲမြို့၊ လယ်ထွန်ကျေးရွာက ပြည်သူတချို့ဟာ ဒီးမော့ဆိုမြို့နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

လယ်ထွန်ကျေးရွာကနေ မေလ နောက်ဆုံးပတ်မှာ စတင်တိမ်းရှောင်ခဲ့ကြပြီး လတ်တလောမှာတော့ ရွာခံတွေကနေ စီစဉ်ထားပေးတဲ့ နေရာမှာ ယာယီနေထိုင်ကြပါတယ်။

တဲဆောက်လုပ်နိုင်ဖို့အတွက် မိုးကာ၊ အသုံးအဆောင်ပစ္စည်း နဲ့ ဆန် အရေးပေါ် လိုအပ်နေတာကြောင့် ကူညီပေးကြဖို့ လယ်ထွန်ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အိမ်သာလည်းလိုတယ်။ မိုးကာလည်း လိုတယ်ပေါ့နော်။ ခြင်ထောင်လည်း လိုတယ်။ အခုပဲလာတော့ ခက်ခဲတယ်ပေါ့နော်။စားဆီလဲ လိုတယ်။ဆန်တွေလဲ လိုတယ်” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

မိုးကာမလုံတာကြောင့် မိုးယိုတာ၊ ဝါရုံအောက်မှာ နေထိုင်ကြတာကြောင့် ခြင်ကိုက်တာအပြင် အိမ်သာဆောက်လုပ်ဖို့ အိမ်သာခွက်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

လယ်ထွန်ကျေးရွာထဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့်၊ လက်နက်ကြီးမကြာခဏ ကျရောက်တာကြောင့် တိမ်းရှောင်လာတာဖြစ်ပါတယ်။ ဒီးမော့ဆိုအနောက်ခြမ်းက ကျေးရွာတရွာကိုရောက်ရှိလာတဲ့ လယ်ထွန်ကျေးရွာ အိမ်ထောင်စု ၆ စုရှိပြီး လူဦးရေ ၂၅ ဦးရှိတယ်လို့ သိရပါတယ်။

ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား မကြာခဏ ထိတွေတိုက်ပွဲဖြစ်ပွားတာတွေရှိနေပြီး စစ်ကောင်စီက မိုးဗြဲမြို့နဲ့ အနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် လယ်‌ထွန်ကျေးရွာအပါအဝင် ဖယ်ခုံအရှေ့ဖက်ကမ်းက ဒေသခံအများစုဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

June 25, 2026
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်က ကရင်နီစစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြတဲ့...
ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတနေရာက အမျိုးသမီးတဦးကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း(မ်) )
June 24, 2026
ပဋိပက္ခအကျိုးဆက်ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီး (၄၂) ရာခိုင်နှုန်းမှာ ဝင်ငွေ လုံးဝမရှိကြဘဲ၊...
ဓါတ်ပုံ - สำนักงานประชาสัมพันธ์ จังหวัดแม่ฮ่องสอน ( မယ်ဟောင်ဆောင်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံး)
June 23, 2026
ဒုက္ခသည်တို့ရဲ့ စီမံခန့်ခွဲမှုကို စောင့်ကြည့်လေ့လာဖို့အတွက် ထိုင်းနိုင်ငံ၊ မယ်‌ဟောင်ဆောင်ခရိုင်...
June 22, 2026
ဇွန် ၂၁ ရက်နေ့မှာ ကျရောက်တဲ့ (၁၅၁) ကြိမ်မြှောက် ကရင်နီအမျိုးသားနေ့မှာ ကရင်နီပြည်တွင်း၊ IEC ရဲ့...