မှော်စီစာကျေးရွာအနီးက ကျောက်စိမ်းတူးဖော်ရေးမှာ အသုံးပြုတဲ့ ယာဉ်ယန္တရားတွေကို စစ်ကောင်စီက ဖမ်းဆီးတဲ့နေအပြင် မီးရှို့ဖျက်ဆီးတာတွေပါ ပြုလုပ်လာ

မှော်စီစာကျေးရွာအနီးက ကျောက်စိမ်းတူးဖော်ရေးမှာ အသုံးပြုတဲ့ ယာဉ်ယန္တရားတွေကို စစ်ကောင်စီက ဖမ်းဆီးတဲ့နေအပြင် မီးရှို့ဖျက်ဆီးတာတွေပါ ပြုလုပ်လာ

ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအနီးက ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှာ သုံးတဲ့ယာဉ်ယန္တာရားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးတာတွေပါ ပြုလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကုမ္ပဏီလုပ်ကွက်တွေမှာ ဝင်ရောက်ပြီး စစ်ဆေးမှုတွေပြုလုပ်တဲ့ အပြင် ကုမ္ပဏီသုံးကားတွေကို ဖမ်းဆီးသိမ်းဆည်းတာတွေ ပြုလုပ်နေတာဖြစ်တယ်လို့ မှော်စီစာဒေသခံ အမျိုးသားက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

“တချို့တွေ ဖမ်းထားတွေလည်း ရှိတယ်၊ ကုမ္ပဏီတွေမှာ မီးရှို့တယ်။ တရားမဝင်ကျောက်စိမ်းထူဖော်မှုဆိုတဲ့ ပုံစံမျိုးနဲ့ထင်တယ်။ အခုလည်း ကုမ္ပဏီတွေမှာ လိုက်စစ်ဆေးနေကြတာ” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

 စစ်ကောင်စီတပ်က ကျောက်ကုမ္ပဏီတွေမှာ သုံးတဲ့ မြေစာတင်ကား၊ ဘတ်ဖိုး စတာတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်တော့မယ်ဆိုပြီး သတိပေးပြောဆိုထားတွေလည်း ရှိတယ်လို့သိရပါတယ်။

 ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာ မှော်စီစာကျေးရွာက ကျောက်ကုမ္ပဏီလုပ်ကွက်နှစ်ခုက ဘတ်ဖိုးနှစ်စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးပေးလိုက်တယ်လို့ နောက်ထပ်မှော်စီစာဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဘတ်ဟိုးတွေကို သူတို့ အလုပ်လုပ်ပြရမယ်ဆိုတဲ့ပုံစံနဲ့ သိမ်းပြီး မီးရှို့ပေးတာတွေတော့ရှိတယ်။ သူတို့နေတဲ့ အနီးအနားက လုပ်ကွက်တွေကဟာ ဟုတ်တယ်” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

အဲဒီမေလ ၃၁ ရက်နေ့မှာပဲ မှော်စီစာကျေးရွာက တစ်သုံးလုံးကျောက်စိမ်းကုမ္ပဏီဝင်းက ဝန်ထမ်းတွေနေတဲ့အဆောင်ကို စစ်ကောင်စီကနေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

 ဖားကန့်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေထဲက အင်အားတစ်ရာကျော်ပါ စစ်ကြောင်းတစ်ကြောင်းဟာ မှော်စီစာကျေးရွာက ဘုရားကုန်းဘုန်းကြီးကျောင်းမှာ ဝင်ရောက်တပ်စွဲနေတာ ဖြစ်ပါတယ်။

မေလ ၂၇ ရက်နေ့က ဖားကန့်ဘက် ထိုးတက်လာတဲ့စစ်ကောင်စီ စစ်ကြောင်းဟာ မှော်စီစာ၊ နန့်မဖြစ်၊ ထွယ်ဆန် စတဲ့ ရပ်ကွက်/ကျေးရွာတွေကနေ ဖြတ်လာပြီး ဖားကန့်မြို့အထိ ထိုးဖောက်ဝင်ရောက်သွားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...