ဆုံဆည်းမြိုင် DKBA ဌာနချုပ် ဗုံးကြဲခံရမှု အမျိုးသမီး ၁ ဦး သေဆုံး၊ ကလေးတစ်ဦး ဒဏ်ရာရ

ဆုံဆည်းမြိုင် DKBA ဌာနချုပ် ဗုံးကြဲခံရမှု အမျိုးသမီး ၁ ဦး သေဆုံး၊ ကလေးတစ်ဦး ဒဏ်ရာရ

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် - DKBA၊ ဌာနချုပ်ရှိရာ မြဝတီမြို့၊ ဆုံဆည်းမြိုင်ကျေးရွာကို စစ်ကောင်စီက မေ ၂၈ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့သွားသည်ဟု ကျေးရွာတာဝန်ရှိသူက အတည်ပြုပြောသည်။

စစ်ကောင်စီက မြဝတီမြို့နယ်၊ တောင်ဘက်ရှိ ၎င်းတို့၏ သေ့ဘောဘိုးစစ်စခန်းကို စစ်ကူပေးရန် မေ၂၈ ရက်နေ့တွင် ထိုင်းဘက်ခြမ်းမှတစ်ဆင့် DKBA ဌာနချုပ်နယ်မြေ ဆုံဆည်းမြိုင်ကျေးရွာ စစ်ရေးပြကွင်းအရောက်တွင် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

သေ့ဘောဘိုး စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရမှုအပေါ် စစ်ကောင်စီက ဆုံဆည်းမြိုင်ကျေးရွာသို့ မေ ၂၈ ရက် နေ့လည်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယခုလို အရပ်သားပြည်သူများ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာတာဝန်ရှိသူက ယခုလိုပြောသည်။

“မနေ့က စကစ နဲ့ စစ်ရေးပြကွင်းထဲ ပစ်ခတ်နေတော့ ပြေးကြ၊ ရှောင်ကြတာမှာ ရွာမှာ စစ်မရှောင်ဘဲ လေဖြတ်နေတဲ့ သူ့ယောက်ကျားနဲ့ အဖော်ကျန်ခဲ့တဲ့ အဒေါ်ကြီးလည်ပင်းကို လေယာဉ်ဗုံး အစမှန်ပြီး ဆုံးတယ်၊ ကလေးတစ်ယောက်က လက်မှာအစမှန်တယ်။ အခုထိ ရွာပြန်မလာကြသေးတော့ ကူညီမယ့်သူ မရှိဖြစ်နေတယ်” ဟု ဆုံဆည်းမြိုင် ရွာသားတစ်ဦးက ပြောသည်။

အဆိုပါ သေ့ဘောဘိုး စစ်ကာင်စီစခန်းသို့ စစ်ကူလာသည့် စစ်ကြောင်းအား ဖြတ်တာက်တိုက်ခိုက်သည့် တိုက်ပွဲကြောင့် ၇၂ ဦးပါ စစ်ကောင်စီ စစ်ကူစစ်ကြောင်းတွင် ထိုင်းဘက်ထွက်ပြေးသူ စစ်ကောင်စီတပ် ဒု-တပ်ရင်းမှူးအပါအဝင် စစ်သည် ၂၂ ဦးကို ထိုင်းစစ်တပ်က ထိန်းသိမ်းထားသည်။

ထို့အပြင် KNLA မဟာမိတ်တပ်က ၁၅ ဦး အရှင်ဖမ်းမိကာ၊ ကျန်ရှိ စစ်ကောင်စီတပ်ဖွဲ့များ သေဆုံးသွားသည်ဟု မဟာမိတ်စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

August 31, 2026
စစ်အုပ်စုသည် ၎င်းတို့၏ “ရက် (၁၀၀) စီမံကိန်း” တွင် ပြည်သူများ၏ လူမှုစီးပွား တည်ငြိမ်ရေးနှင့်...
August 31, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေလမ်းပိုင်းရှိ သဲဖြူချောင်းအထက် တောင်ကျောနေရာသို့...
ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...