မကွေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို တိုက်ပိတ်ထားတဲ့အပြင် ဆေးဝါးကုသခွင့်ပါ ပိတ်ထား

မကွေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို တိုက်ပိတ်ထားတဲ့အပြင် ဆေးဝါးကုသခွင့်ပါ ပိတ်ထား

မကွေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို တိုက်ပိတ်ထားတဲ့အပြင် လုံလောက်တဲ့ ဆေးဝါးကုသခွင့်လည်း ပိတ်ပင်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က အကျဉ်းထောင်ရှေ့မှာ Local PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ အကျဉ်းထောင်ထဲမှာ အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေတင်းမာမှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ခါး၊ ခြေထောက်နဲ့ တင်ပါးတွေမှာ ဒဏ်ရာရှိခဲ့သလို သေနတ်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိခဲ့တယ်လို့ PPNM က ဆိုပါတယ်။

အဲဒီနောက် အခုချိန်ထိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို တိုက်ပိတ်ထားပြီးတော့ ဆေးကုသခွင့်ကိုလည်း ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်ရဲ့ ထောင်ဝင်စာတွေ့ခွင့်ကို ပိတ်ပင်ထားသလို ထောင်ဝင်စာ ပါဆယ်ပို့ဆောင်ခွင့်တွေကိုလည်း ကန့်သတ်ထားတယ်လို့ PPNM ဦးဆောင်ကော်မတီ ကိုသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ထောင်ဝင်စာ ပါဆယ်ကို အားလုံးကိုမဟုတ်တောင် ၅၀ ဝန်းကျင်လောက်ရဲ့ ပါဆယ်တွေကို ပိတ်ထားတယ်။ အကျဉ်းထောင်ဘက်ကတော့ ဘယ်သူဘယ်သူတွေကို ပိတ်တယ်ဆိုပြီး တရားဝင် တိကျတဲ့ စာရင်းမထုတ်ပြန်ထားဘူး။ မိသားစုတွေသွားပို့တဲ့အချိန် လက်မခံတာကြုံနေရတယ်" လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ ရေသန့်မရရှိတာကြောင့် သောက်ရေတွေကို ဈေးကြီးပေးဝယ်နေရပြီးတော့ အခန်းတွင်းမှာလည်း အိမ်သာရေတွေနဲ့ ရေချိုးနေကြရတယ်လို့ PPNM က ဆိုပါတယ်။

မကွေးအကျဉ်းထောင်က ထောင်အာဏာပိုင်တွေအနေနဲ့ လူသားတစ်ယောက်ရဲ့ အခြေခံရပိုင်ခွင့်ကို ချိုးဖောက်နေတာကြောင့် အပြည့်အဝ တာဝန်ယူရမယ်လို့လည်း PPNM က ပြောကြားထားပါတယ်။

မကွေးအကျဉ်းထောင်မှာ အခုထိ နိုင်ငံရေးအကျဉ်းသူ/သား ၅၀၀ ဝန်းကျင်ကို ဖမ်းဆီးထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...