ရေးမြို့နယ်တွင် စစ်ကောင်စီက PSI ဂြိုဟ်တုစလောင်းများကို လိုက်လံဖြုတ်သိမ်းနေ

ရေးမြို့နယ်တွင် စစ်ကောင်စီက PSI ဂြိုဟ်တုစလောင်းများကို လိုက်လံဖြုတ်သိမ်းနေ

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်တို့တွင် စစ်ကောင်စီက PSI ဂြိုဟ်တုစလောင်းတပ်ဆင်ထားသည့် နေအိမ်တို့ကို လိုက်လံဖြုတ်သိမ်းခိုင်းနေကြောင်း မြို့ခံတို့ပြောပြချက်အရ သိရသည်။

ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ပြီးခဲ့သည့် မေလဒုတိယအပတ်အတွင်း  မြို့ပေါ်ရပ်ကွက်နှင့် အနီးနားကျေးရွာတချို့ရှိ နေအိမ်၊ ဈေးဆိုင်နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များတွင် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ဆေးမှုတွင် PSI ဂြိုဟ်တုစလောင်း တပ်ဆင်ထားသည့်နေအိမ်နှင့် ရောင်းချနေသည့် ဆိုင်တို့ကို တရားမဝင်စလောင်း အသုံးပြုရောင်းချနေသည်ဟုဆိုကာ ဝင်ရောက်သိမ်းဆည်းခြင်းတို့ လုပ်ဆောင်ခဲ့ပြီး ထပ်မံတွေ့ရှိပါက ဥပဒေအရ အရေးယူမည်ဟု ပြောဆိုထားကြောင်း ရေးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“တို့ရွာက အဲနေ့သူတို့လာတော့ စလောင်းကို အလယ်ပိုင်းရပ်ကွက်နေအိမ်မှာ သူတို့တွေ့တယ်၊ ဒီစလောင်းက တရားမဝင်ဘူး သူတို့ပြောပြီး သိမ်းယူသွားတယ်၊ အစင်ရွာဘက်မှာလည်း လေးငါးအိမ်လောက် သူတို့ သိမ်းယူသွားတယ်” ဟု ဆက်ပြောသည်။

ကြိုတင်အသိပေးခြင်းမရှိဘဲ ရှောင်တခင် စစ်ဆေးစဉ် ဖြုတ်ယူသိမ်းဆည်းနေသဖြင့် ဒေသခံတို့ စိုးရိမ်နေကြောင်းလည်း သိရသည်။

ဒေသခံပြည်သူတို့ထံ PSI ၊S2AECနှင့် HD စက်မှတစ်ဆင့် ထုတ်လွင့်နေသည့် Mizzima နှင့်  DVB ချန်နယ်များမှ သတင်းများ သိရှိခွင့် မရရှိစေရန်နှင့် သတင်းစီးဆင်းမှုတားဆီးရန် ပိတ်ပင်နေခြင်းဖြစ်ကြောင်း ရေးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူသွားတဲ့ လမ်းမှာ သူတွေ့ရင် သိမ်းတယ်ပေါ့။ ဒီစလောင်းက လိုင်း VOA တို့၊ DVB တို့၊ ဘာတို့ လွှင့်နေတာရှိတော့၊ သူတို့ VPN ကို ပိတ်သလိုမျိုး ပိတ်နေတာ” ဟု ထိုသူက ဆက်ပြောသည်။

စစ်အာဏာသိမ်းအစောပိုင်းကာလဖြစ်သည့် ၂၀၂၁ ခုနှစ် ဧပြီလကပင် မွန်ပြည်နယ် ကျိုက်ထို၊ ကျိုက်မရောနှင့် မော်လမြိုင်မြို့ပေါ်တွင် PSI အသုံးပြုတပ်ဆင်ခြင်းကို ပိတ်ပင်ကန့်သတ်ထားသည့်နောက် အသုံးပြုတပ်ဆင်သူ သိသိသာသာ လျော့နည်းသွားခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက PSI ဂြိုဟ်တုစလောင်းများကို တပ်ဆင်အသုံးပြုမည်ဆိုပါက တရားမဝင်ပစ္စည်းအဖြစ် တရားဥပဒေအရ ထောင်ဒဏ် ၁ နှစ်နှင့် ဒဏ်ငွေ ၅ သိန်းအထိ ပြစ်မှုဆောင်ရမည်ဟု ထုတ်ပြန်ခဲ့သေးသည်။

ရေးမြို့နယ်တွင် အာဏာသိမ်းစစ်တပ်မှ အင်တာနက်ဖြတ်တောက်မှုတို့ မကြာခဏ လုပ်ဆောင်နေသဖြင့် ပြည်သူအများစု ဂြိုလ်တု စလောင်း channel နှင့် ရေဒီယိုမှ ထုတ်လွှင့်သည့် သတင်းများကို သိရှိခွင့် ရရှိနေခြင်းဖြစ်သည်။

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...
February 21, 2026
မာံသဟာဲ (မင်းစဟိုင်း) နွေဦးနံနက်ခင်း၏ မြူနှင်းမြက်ခင်းများကြားတွင် ထားဝယ်နည်းပညာတက္ကသိုလ်...
February 20, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကော်မရှင်မှ တပ်အင်အား...