နောင်မွန်မြို့နယ် ခူထီကျေးရွာက သက်ကြီးဘိုးဘွားတွေ အစားသောက်နဲ့ ဆေးဝါးအကူညီတွေ လိုအပ်

နောင်မွန်မြို့နယ် ခူထီကျေးရွာက သက်ကြီးဘိုးဘွားတွေ အစားသောက်နဲ့ ဆေးဝါးအကူညီတွေ လိုအပ်

ဝေးလံခေါင်ဖျားတဲ့ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ကဆန်ချောင်းအစွန်မှာရှိတဲ့ ခူထီကျေးရွာက သက်ကြီးဘိုးဘွားတွေ အစားသောက်နဲ့ ဆေးဝါးအကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

နောင်မွန်မြို့ကနေ ၁၀ မိုင်ဝန်းကျင်အဝေးမှာရှိတဲ့ ခူထီကျေးရွာမှာ သက်ကြီးဘိုးဘွားတွေနဲ့

မသန်စွမ်းသူတချို့အပါအဝင် ဒေသခံ အယောက် ၂၀ ရှိတယ်လို့ဆိုပါတယ်။

တတ်နိုင်သလောက် စိုက်ပျိုးစားသောက်တဲ့ ဆန်စပါးတွေ မရိတ်သိမ်းနိုင်ခင် ကာလအတွင်း အကူညီတွေ လိုအပ်လေ့ရှိတာဖြစ်တယ်လို့ ဘိုးဘွားတွေအတွက် အကူညီရရှိရေးဆောင်ရွက်ပေးနေသူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

"ဘိုးဘွားတွေကျတော့ နှစ်စဉ်နှစ်တိုင်း မိုးရာသီပေါ့နော် ၅ လပိုင်း ၆ လပိုင်းကနေ သူတို့စိုက်တဲ့ ဆန်စပါးတွေမမှည့်ခင် ၁၀ လပိုင်း ၁၁ လပိုင်းထိက ပုံမှန်လိုအပ်တာဟုတ်တယ်။ ဆေးဝါးတွေလည်း လိုအပ်တယ်။ အဓိကတော့ ဆီ၊ ဆား၊ ဆန်ပေါ့နော်" လို့ ဆိုပါတယ်။

စားဝတ်နေရေးအတွက် တောင်ယာနဲ့ လယ်ယာတွေ လုပ်ကိုင်ကြပေမဲ့ သက်ကြီးဘိုးဘွားတွေဖြစ်တာကြောင့် အနည်းအကျဉ်းသာ လုပ်ကိုင်နိုင်တယ်လို့ သိရပါတယ်။

တတ်နိုင်သလောက် စိုက်ပျိုးတဲ့ထဲ ကြွက်တွေနဲ့ တောကောင်တွေကြောင့် ပျက်စီးမှုတွေကြုံရပြီး တစ်မိသားစုမှာ တစ်နှစ်ကို စပါး ပုံး ၂၀ (၁၀ တင်း) လောက်သာ ရရှိကြတာလို့ သိရပါတယ်။

ဆန်စပါးအကူအညီအပြင် ဘိုးဘွားတွေထဲ အဆစ်အမြစ်ကိုက်ခဲတာတွေလည်းရှိတာကြောင့် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ခူထီကျေးရွာဟာ အရင်ကတော့ လူစည်တဲ့ရွာတစ်ခုဖြစ်ခဲ့ပေမဲ့ ငွေကြေးရှာဖွေနိုင်သူတွေနဲ့ သန်စွမ်းတဲ့သူတွေဟာ တခြားမြို့ရွာတွေဘက် ပြောင်းရွှေ့သွားကြတာဖြစ်ပြီး ရွှေ့ပြောင်းဖို့ မတတ်နိုင်တဲ့ ဘိုးဘွားတွေပဲ ကျန်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရွာခံ အိမ်ထောင်စု ၅ စုနဲ့ တာဝန်ခံဆရာ အိမ်ထောင်စု ၁ စုရှိပြီး စုစုပေါင်း လူဦးရေ ၂၀ ရှိတယ်လို့ သိရပါတယ်။

June 2, 2026
မြန်မာက ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် မြေရှားသတ္တု အကြောင်းဆွေးနွေးခဲ့တယ်လို့...
May 30, 2026
ခါကာဘို — ကချင်ပြည်နယ်မြောက်ဖျားက နှင်းဖုံးတောင်တန်းတွေ ဝန်းရံထားတဲ့ ပူတာအိုဒေသကို...
May 29, 2026
စိုင်းခေ — ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေကို အထိရောက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်ခဲ့သူတွေထဲ...
May 29, 2026
စစ်အုပ်စုရဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေး လုပ်ဆောင်နေမှုကို...