သီလဝါဆိပ်ကမ်းစီမံကိန်းမှ ဂျပန်ကုမ္ပဏီအချို့ နုတ်ထွက်မည်

သီလဝါဆိပ်ကမ်းစီမံကိန်းမှ ဂျပန်ကုမ္ပဏီအချို့ နုတ်ထွက်မည်

ဓါတ်ပုံ – သီလဝါဆိပ်ကမ်းအားတွေ့ရစဥ်။ သီလဝါဆိပ်ကမ်းစီမံကိန်းမှ ဂျပန်ကုမ္ပဏီအချို့ နုတ်ထွက်မည်ဖြစ်ကြောင်း JFM က မေလ ၁၄ ရက်နေ့တွင် ဖော်ပြသည်။ (မြန်မာ့ဆိပ်ကမ်းအာဏာပိုင်)

သီလဝါဘက်စုံသုံး နိုင်ငံတကာဆိပ်ကမ်းစီမံကိန်းမှ Kamigumi၊ Sumitomo Corporation နှင့် Toyota Tsusho စသည့် ဂျပန်ကုမ္ပဏီများ နုတ်ထွက်တော့မည်ဖြစ်ပြီး စာရင်းဖျက်သိမ်းမှုများအား စတင်လုပ်ဆောင်ထားပြီးဖြစ်ကြောင်း Justice for Myanmar (JFM) က ယမန်နေ့ (မေလ ၁၄ ရက်) က ဖော်ပြသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့တွင် အရပ်ဖက်အဖွဲ့အစည်းများက အဆိုပါကုမ္ပဏီသုံးခု၊ အစိုးရဘဏ္ဍာရေးဖြင့် အခြေခံအဆောက်အဦကဏ္ဍရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (JOIN) နှင့် Nippon Export and Investment Insurance (NEXI) တို့ထံ စာဖြင့် ရေးသားစုံစမ်းမေးမြန်းခဲ့ရာ ကုမ္ပဏီသုံးခုက အထက်ပါအတိုင်း အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း JFM က ပြောသည်။

ရုပ်သိမ်းထွက်ခွာချိန်အတွင်း ဝန်ထမ်းအကူးအပြောင်းကာလအတွက် ပံ့ပိုးမှုများအပါအဝင် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးနှင့် လူ့အခွင့်အရေးစံနှုန်းများအတိုင်း ဆက်လက်ဆောင်ရွက်ထားကြောင်းလည်း ပြောဆိုခဲ့သည်ဟု ဖော်ပြသည်။

သို့သော် ယင်းနုတ်ထွက်မှုနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက် တစုံတရာကို ပေးအပ်ခဲ့ခြင်းမရှိဟု သိရသည်။

စီမံကိန်း ပိုင်ဆိုင်မှုပစ္စည်းများကို မည်သို့လွှဲပြောင်းမည်ဖြစ်ကြောင်း၊ စာချုပ်ရပ်ဆိုင်းမှုအတွက် လျော်ကြေးများကို စစ်အုပ်စုထံ ပေးချေခြင်း ရှိ၊ မရှိ သို့မဟုတ် စီမံကိန်းမှ နောင်ရရှိလာမည့် ဝင်ငွေများအား စစ်တပ်ဆက်နွှယ်အဖွဲ့အစည်းများထံ မရောက်ရေး မည်သို့ကာကွယ်မည်ဖြစ်ကြောင်းတို့နှင့်ပတ်သက်၍ ပွင်လင်းမြင်သာမှုမရှိဟု JFM က ထောက်ပြသည်။

“မြန်မာနိုင်ငံတွင်း အန္တရာယ်ကြီးလွန်းတဲ့ စီမံကိန်းတွေကနေ ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းထွက်ခွာတာကို လုပ်ရိုးလုပ်စဉ် စီးပွားရေးဆုံးဖြတ်ချက်တခုလို မှတ်ယူလို့မရပါဘူး။ ကုမ္ပဏီတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ထွက်ခွာမှုက စစ်အုပ်စု ဒါမှမဟုတ် စစ်ခရိုနီတွေအတွက် ဘဏ္ဍာငွေဆိုင်ရာ အကျိုးအမြတ် မရရှိနေအောင် လုပ်ဆောင်ဖို့ တာဝန်ရှိပါတယ်” ဟု Mekong Watch ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ယူကာကီဂူချီက ထုတ်ပြန်ချက်တွင် ပြောသည်။

သီလဝါဆိပ်ကမ်းစီမံကိန်းကို မြန်မာအတွက် ဂျပန်နိုင်ငံတရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) ၏ အစိတ်အပိုင်းအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ယင်းဆိပ်ကမ်းကို နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် စစ်အုပ်စု၏ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဆက်စပ်အထောက်အထားများရှိသည့် ခရိုနီကုမ္ပဏီ Ever Flow River Group (EFR) နှင့် မိတ်ဖက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စီမံကိန်းတွင်ပါသည့် JOIN သည် စုံစမ်းမေးမြန်းမှုများကို ထိထိရောက်ရောက် ပြန်လည်ဖြေကြားခြင်းမရှိသေးကြောင်း JFM က ပြောသည်။

စီမံကိန်းကို အာမခံပေးသည့် NEXI ကလည်း ၎င်းတို့အနေဖြင့် ယင်းစီမံကိန်းအား “သဘာဝပတ်ဝန်းကျင် ဆိုးကျိုးသက်ရောက်မှု အနည်းငယ် သို့မဟုတ် မရှိ” အဆင့် သတ်မှတ်ထားကြောင်း၊ သို့ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြန်လည်သုံးသပ်မှုတရပ် လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အကြောင်းပြန်ခဲ့ပြီး စီမံကိန်းအတွက် အာမခံအကျုံးဝင်မှုသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်ဟုလည်း ဆိုသည်။

ထို့ပြင် NEXI အနေဖြင့် နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်များအား လိုက်နာမည်ဖြစ်ကြောင်း အတိအလင်း ကတိပြုထားသော်လည်း စီမံကိန်း၏ လူ့အခွင့်အရေးအန္တရာယ်များအား ဖြေရှင်းရန် ပျက်ကွက်ခဲ့ကြောင်း JFM ထည့်သွင်းပြောထားသည်။

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...