လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို

လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို

မြန်မာနိုင်ငံရေးအကျပ်အတည်းများကြားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့မှာ လူမျိုးရေးအစွဲပြုပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြိုကွဲရေးကို ဦးတည်ဆောင်ရွက်နေကြောင်း စစ်ကောင်စီ လက်ဝေခံ နိုင်ငံရေးပါတီအစုအဖွဲ့က အပြစ်ဆိုလိုက်သည်။

ကြံ့ခိုင်ရေးပါတီ ဦးဆောင်သည့် နိုင်ငံရေးပါတီ ၃၂ ခု၏ ယမန်နေ့ (မေ ၁၃) ရက်က ပြုလုပ်သည့် အစည်းအဝေးပြီး ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားခြင်း ဖြစ်သည်။

ထို့အတူ လက်ရှိ မြန်မာ့ နိုင်ငံရေးပါတီများမှာ နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အစည်းငယ်များလောက်ပင် ဩဇာတိက္ကမ မရှိဖြစ်နေသဖြင့် ဝိုင်းဝန်းအဖြေရှာရန်လိုအပ်ကြောင်းလည်း ဆိုသည်။

"လတ်တလော အခြေအနေအရ နိုင်ငံရေးပါတီများဟာ ချောက်တီးချောက်ချက် လက်နက်ကိုင်အဖွဲ့ငယ်များလောက်ပင် ဩဇာတိက္ကမနည်းပါးသလို ဖြစ်နေပြီး နိုင်ငံရေးပါတီများက နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်းအဖြေရှာ ဖြေရှင်းဖို့လိုတယ်" ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းပါတီအစုအဖွဲ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည်သာလျှင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို အရောက်လှမ်းနိုင်မည့် တစ်ခုသော လမ်းကြောင်းဖြစ်သည်ဟုဆိုကာ ရွေးကောက်ပွဲ ဖြစ်မြောက်စေရန် နိုင်ငံသားတိုင်း ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ယင်းအပြင် ပါတီတိုင်းသည် နိုင်ငံတော်ကို ကိုယ်စားပြုရမည်ဖြစ်ပြီး နိုင်ငံအရေးသည် ပါတီအရေးဖြစ်ခြင်း၍ ဝိုင်းဝန်းကူညီခြင်းဖြင့် ပါတီအခန်းကဏ္ဍကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပါတီများအနေဖြင့် ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင်ဦးဆောင်ပါတီနှင့် ဦးစံသာအောင် ဦးဆောင်သည့် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့ ပါဝင်ကြောင်း တွေ့ရသည်။

ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက စစ်ကောင်စီ ရွေးကောက်ပွဲကို ပါဝင်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်ထဲတွင် ပိတ်မိပြီး စစ်ကောင်စီ၏ အသုံးချခံဖြစ်နေကြောင်း သုံးသပ်ကြသည်။

"ပါတီတွေရဲ့ အခန်းကဏ္ဍက ဒီအချိန်မှာ ဘယ်လိုမှ မရှိပါဘူး။ စစ်ကောင်စီက အသုံးချဖို့အတွက် ယန္တရားတစ်ခု တည်ဆောက်ပေးထားသလောက်ပဲ ဖြစ်သွားပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ပြန်ရောက်သွားဖို့အတွက် အားပြုပြီးလုပ်ရင် ဘာမှထူးမှာ မဟုတ်ပါဘူး။ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပါတီကဏ္ဍကတော့ မှေးမှိန်နေပါတယ်။ အတိုက်အခံကလည်းမရှိပါဘူး" ဟု ဦးဖေသန်းက သုံးသပ်သည်။

လက်ရှိအချိန်ထိ စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရသည့် နိုင်ငံရေးပါတီပေါင်း ၅၆ ခု ရှိနေသည်။

အရပ်သားပစ်မှတ်များကို တိုက်ခိုက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို မျှော်လင့်တကြီး စောင့်ဆိုင်းနေသည့် နိုင်ငံရေးပါတီများသည်လည်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု အကြမ်းဖက်လုပ်ရပ်များကို အားပေးနေခြင်းဖြစ်သည်ဟု ဝေဖန်မှုများ မြင့်တက်နေသည်။

ကျောက်ဖြူစစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ – PYA
January 7, 2026
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင် ၅ သောင်းကျော် ရှိနေပြီး...
January 7, 2026
ရခိုင်ပြည် စစ်တွေ အခြေစိုက် စစ်ကောင်စီ တပ်စခန်းအချို့ကို ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော်(AA) က...
January 6, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး...
စစ်တွေမြို့ မီးစက်ကြီးခွဆုံ နေရာအား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။
January 5, 2026
ရွေးကောက်ပွဲကာလက သေနတ်သံများ ခဏငြိမ်သက်နေခဲ့သည့် စစ်တွေ စစ်မျက်နှာပြင်သည် ယခုရက်ပိုင်းအတွင်း...