ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ သေဆုံး

ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ သေဆုံး

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာနှင့် မလကျွန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ သေဆုံးနေကြောင်း သတင်းရရှိသည်။

အပစ်ရပ်ထားသည့်စစ်ကောင်စီ၏ စစ်ကြောင်းတစ်ခုသည် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာဖက်ကို စစ်ကြောင်းထိုးလာစဉ် အာရက္ခတပ်တော် (AA) နှင့် မေလ ၁၁ ရက်မှစတင်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ စစ်ကောင်စီတပ်သား ရာနှင့်ချီ သေဆုံးနေခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

"လိပ်ခမော်နဲ့ မလကျွန်းမှာ ၁၁ ရက်နေ့လောက်က တိုက်ပွဲပြင်းတယ်။ တိုက်ပွဲက နေ့တိုင်းရှိတယ်။ စစ်ကောင်စီဖက်က အသေအပျောက် ရာနဲ့ချီရှိတယ်" ဟု ပြောသည်။

အဆိုပါအကျအဆုံးများသည့် စစ်ကြောင်းသည် ရေကြောင်းဖြင့် အင်အားဖြည့်ထားသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများအပါအဝင် နယ်မြေခံတပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြကြောင်း မြေပြင်သတင်းအရ သိရသည်။

အဆိုပါစစ်ကြောင်းတွင် အကျအဆုံးများနေသဖြင့် ယနေ့ မတ်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် လိပ်ခမော်ရွာဟောင်းကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးလာကြဲခဲ့သလို နေဗီများကလည်း လက်နက်ကြီးများဖြင့် လှမ်းပစ်၍ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များ အပျက်အစီးရှိခဲ့ကြောင်း ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ဒရုန်းတွေ၊ နေဗီတွေက ပစ်တယ်။ သူတို့အဓိကသုံးတာ ဒရုန်း။ လိပ်ခမော်နဲ့ မလကျွန်းပတ်ဝန်းကျင်ကို ပတ်ပြီးကြဲနေတာ။ ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်တာနဲ့ နေအိမ်တချို့ ပျက်စီးတာရှိတယ်" ဟု ပြောသည်။

အပစ်ရပ်ကာလအတွင်း AA က ကျောက်ဖြူတွင် ထိုးစစ်များကို ရပ်တန့်ထားသော်လည်း စစ်ကောင်စီဖက်က AA ရှိသည့်နေရာများကို စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...