ကလေးမြို့တွင် MPT ဖုန်းလိုင်းတစ်ခုသာရပြီး ငွေဖြည့်ကဒ်များကို ဈေးပိုပေးဝယ်ယူနေရ

ကလေးမြို့တွင် MPT ဖုန်းလိုင်းတစ်ခုသာရပြီး ငွေဖြည့်ကဒ်များကို ဈေးပိုပေးဝယ်ယူနေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဆက်သွယ်ရေးအော်ပရေတာ MPT ဖုန်းလိုင်းတခုသာရရှိပြီး ဖုန်းငွေဖြည့်ကဒ်များကို ဈေးပိုပေးကာ ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလကုန်၊ မေလဆန်းပိုင်းမှစတင်ကာ MPT ဖုန်းလိုင်းတခုတည်းသာရပြီး အခြားသော ဆက်သွယ်ရေးဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ အားလုံးပြတ်တောက်နေခြင်းဖြစ်ကာ MPT ဖုန်းငွေဖြည့်ကဒ် ၁,၀၀၀ ဖိုးကို ၁,၂၀၀ ပေးကာ ဝယ်ယူနေရသည်ဟု ကလေးမြို့က ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အခုက ကလေးမြို့မှာ MPT လိုင်းတခုပဲရတယ်။ ဒါတောင် ဖုန်းလိုင်းက မကောင်းချင်ဘူး။ ဒါပေမဲ့ MPT ပဲရတယ်ဆိုတော့ အဲဒါပဲ သုံးကြပြန်တော့ အခု ဖုန်ဘေလ်ငွေ ၁,၀၀၀ တန်ကဒ်ကို ၁,၁၀၀၊ ၁,၂၀၀ ပေးပြီး ဝယ်ယူနေရတယ်။ ဒါတောင် မြို့ထဲမှာ ဝယ်စရာမရှိတော့ဘူး။  ကျွန်မတို့ကတော့ Kpay နဲ့ပဲ ဖြည့်ကြတော့ အဆင်ပြေသေးတယ်” ဟု ဒေသခံအမျိုးသမီးက ပြောသည်။

အခြားသော ဆက်သွယ်ရေးလိုင်းများဖြစ်သည့် Oreedoo, Atom နှင့် Mytel အောပရေတာများသည် ဖုန်းလိုင်းနှင့်  အင်တာနက်လိုင်းများအားလုံး သုံး၍မရသေးပေ။

ထို့အပြင် ကလေးမြို့တွင် MPT ဖုန်းလိုင်းတခုတည်းသာ အသုံးပြုနေကြရတာကြောင့် MPT ဆင်းကဒ်များမှာလည်း ၁,၅၀၀ ကျပ်တန် ဆင်းကဒ်တစ်ကဒ်ကို ယခုတွင် ၄၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူနေရကြောင်းလည်း သိရသည်။

“MPT sim card က အရင် ၁,၅၀၀ ကနေ ၃,၀၀၀, ၅,၀၀၀ ကနေ အခုဆိုရင် ၄၀,၀၀၀၊ ၄၅,၀၀၀ အဲလိုရောင်းကြတာပေါ့နော်။ တော်တော်များများကလဲ MPT ကဒ်ပဲ လိုက်ဝယ်နေကြတာ၊ အဲလိုဆိုတော့လေ ဝယ်လိုအားများတော့ ကဒ်ကပြတ်တော့ ဈေးက တောက်လျှောက်တက်တာပေါ့နော်” ဟု ကလေးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သို့သော် MPT ဆင်းကဒ်သည်လည်း ဖုန်းဆက်သွယ်ရန်သာ အသုံးပြုလို့ရသည့်အပြင် ဖုန်းလိုင်းမကောင်းကြောင်း၊ MPT ဖိုင်ဘာအင်တာနက်လိုင်းများမှာလည်း အသုံးပြုသူများပြားခြင်းကြောင့် လိုင်းဆွဲအားမကောင်းပဲ အသုံးပြု‌အဆင်မပြေကြောင်း ဒေသခံများက ပြောသည်။

ကလေးမြို့တွင် မကြာခဏဆိုသလို ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိနေပြီး ပြီးခဲ့သည့် ဧပြီလယ်ပိုင်းတွင်လည်း ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ၁၀ ရက်ကျော်ကြာ  ပြတ်တောက်ခဲ့သည်။

အလားတူ ချင်းပြည်နယ်တခုလုံးတွင်လည်း ဆက်သွယ်ရေးအော်ပရေတာ ဖုန်းလိုင်းအားလုံးနှင့် ဖိုင်ဘာအင်တာနက် လိုင်းများအားလုံး ပြတ်တောက်လျက်ရှိပြီး အချို့မြို့နယ်နှင့် ကျေးရွာများတွင် စတားလင့်အင်တာနက်လိုင်းများ အသုံးပြုလို့ရနေကြောင်း သိရသည်။

February 9, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ဦးတည် ထိုးစစ်ဆင်နေသော စစ်ကော်မရှင်တပ်များနှင့်...
ဓါတ်ပုံ - Yaw
February 6, 2026
ချင်း- မကွေးအစပ်၊ ဆောမြို့နယ်၊ ကျောက်ထုဒေသရှိ မိအယ်ကျေးရွားကို စစ်ကော်မရှင်တပ်က လေကြောင်း...
February 5, 2026
ညီရင်းအစ်ကိုဖြစ်သော ကချင်လူမျိုးတို့နှင့် တော်လှန်တွဲလက်များ ပိုမိုခိုင်မြဲစေပြီး...
February 3, 2026
လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ချင်းပြည်နယ်တွင် စစ်အာဏာသိမ်း ၅ နှစ်တာအတွင်း ချင်းလူမျိုး...