သပိတ်ကျင်း၊ ကောလင်းနှင့် ဂန့်ဂေါ မြို့နယ်များတွင် လေကြောင်းတိုက်ခိုက်ခံရမှု ဒေသခံ ၁၀ ဦးထက်မနည်း ထိခိုက်

သပိတ်ကျင်း၊ ကောလင်းနှင့် ဂန့်ဂေါ မြို့နယ်များတွင် လေကြောင်းတိုက်ခိုက်ခံရမှု ဒေသခံ ၁၀ ဦးထက်မနည်း ထိခိုက်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၇ ရက်) နေ့လယ် ၁၂ နာရီ ၇ မိနစ်အချိန်တွင် တံတားဦးလေတပ်စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ရေထွက်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်သွားခြင်းဖြစ်ကြောင်း ပြင်ဦးလွင် ခရိုင် (ပကဖ) က ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်ပျက်စီးမှုများလည်းရှိခဲ့ပြီး ဒေသခံ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိခိုက်ဒဏ်ရာရရှိသူများ၏ အသေးစိတ်အခြေအနေကို မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယင်းအပြင် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရှောက်ပင်ခြုံကျေးရွာကိုလည်း မတ်လ ၇ ရက်နေ့ မနက်ပိုင်းတွင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နေအိမ်တလုံး ပျက်စီးသွားကြောင်း Kawlin Info အဖွဲ့ မှ တာဝန်ရှိသူတဦးက ယနေ့ (မေလ ၈ ရက်) တွင်ပြောသည်။

“ဒေသခံတွေကတော့ ဖြစ်တုန်း ခဏရှောင်ကြတာပေါ့ ပြီးရင်တော့ ပြန်လာနေကြရတာပါပဲ“ ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း Kawlin Info အဖွဲ့က ဆိုသည်။

အလားတူ မတ်လ ၇ ရက်နေ့ တရက်တည်းတွင် မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်းနေရာအချို့ တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ ၏ တံတားဦလေတပ်စခန်းမှ တက်လာသည့် Yak-130 ဂျက်ဖိုက်တာတစီး၊ MIG-29 ဂျက်ဖိုက်တာတစီးတို့ဖြင့် လေကြောင်းမှ သုံးကြိမ်အထိ ဗုံးကြဲချတိုက်ခိုက်သွားသည်ဟု ယောအလင်းတန်းအဖွဲ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယောဒေသတွင် တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး နေ့စဉ်နီးပါး လေကြာင်း မှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်းကိုလည်း ယောအလင်းတန်းအဖွဲ့က ဆိုသည်။

ယောဒေသတွင်း မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းများ မရှိသေးသော်လည်း စစ်ကောင်စီတပ်ဖွဲ့ သည် ၎င်းတို့ လက်လွှတ်ခဲ့ရသော နယ်မြေဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်အင်အားဖြင့် အသာစီးရယူ၍ စစ်ရေးပြန်လည်စတင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ယောအလင်းတန်းအဖွဲ့ က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာ လူစည်ကားရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...