AA သိမ်းပိုက်ထားသည့် အမ်းရိုး‌ပေါ်ရှိ ဂိတ်စခန်းနှင့် အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက ဒရုန်းဖြင့် တရစပ် ဗုံးကြဲ

AA သိမ်းပိုက်ထားသည့် အမ်းရိုး‌ပေါ်ရှိ ဂိတ်စခန်းနှင့် အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက ဒရုန်းဖြင့် တရစပ် ဗုံးကြဲ
ဓာတ်ပုံ - ပုံဟောင်း
ဓာတ်ပုံ - ပုံဟောင်း

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ရိုးပေါ်ရှိ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ဂိတ်စခန်းတချို့အပါအဝင် အနီးအနားကျေးရွာများနှင့် တောင်တန်းတချို့ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် တရစပ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အမ်းရိုးပေါ်တွင် AA သိမ်းပိုက်ထားသည့် ကံမြင့်ကန်ဂိတ်စခန်း၊ ဂုတ်စည်းစခန်းအပါအဝင် အနီးအနားကျေးရွာများနှင့် တောင်တန်းများကို ယမန်နေ့ ဧပြီ ၂၈ ရက်တွင် ဒရုန်းဖြင့် တရစပ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကျည်များဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"မနေ့မနက်ကနေစလို့ စစ်ကောင်စီဖက်က တရစပ် ဒရုန်းနဲ့ ပစ်လိုက်။ လက်နက်ကျည်နဲ့ ပစ်လိုက်လုပ်နေတာ။ နတ်ရေကန်တောင်ထိပ်ကနေ ပစ်တာ" ဟုပြောသည်။

နတ်ရေကန်ဗျူဟာတောင်ထိပ်စခန်းအနီးအနားတွင် ကာကင်းစခန်းအသစ်တိုးချဲ့တည်ဆောက်မှုနှင့်အတူ AA သိမ်းပိုက်ထားသည့် ဂိတ်စခန်းများကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများရှိနေပြီး တဖက်သတ် လက်နက်များ၊ ဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်နေသည်ဟု မြေပြင်သတင်းရင်းမြစ် အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

"စခန်းနယ်မြေချဲ့ထွင်နေတယ်။ စခန်းအသစ်တည် ဆောက်တယ်။ စစ်ကောင်စီဖက်က AA သိမ်းထားတဲ့ စခန်းဂိတ်တွေကိုလည်း ပြန်လည်ထိုးစစ်ဖို့ လမ်းစရှာနေတယ်။ ဒါကြောင့် ဒရုန်းတွေ၊ စက်တပ်လေထီးတွေ၊ လက်နက်ကျည်တွေပစ်ပြီး AA ရှိတဲ့နေရာတွေကို ဗုံးကြဲနေတယ်" ဟု ပြောသည်။

စစ်ကောင်စီ၏ ယခုကဲ့သို့ လက်နက်ပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးမှုကို နိရဉ္စရာအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာစခန်းအနီးအနားတွင် စစ်ကောင်စီဖက်က ဧပြီ ၂ ရက်မှ ၂၂ ရက်ကြား ပထမအကြိမ် အပစ်အခတ်ရပ်စဲခဲ့သည့်ကာလတွင် ကင်းစခန်းငယ်အသစ်များတိုးချဲ့တည်ဆောက်ကာ အင်အားများလည်း ဖြည့်တင်းနေကြောင်း သိရသည်။

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...