ယခုနှစ်တွင် ချင်းပြည်လွတ်မြောက်ရေး၊ ကိုယ့်ကြမ္မာဖန်တီးခွင့် အပြည့်အဝရရှိရေး ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းညီနောင်ဆို

ယခုနှစ်တွင် ချင်းပြည်လွတ်မြောက်ရေး၊ ကိုယ့်ကြမ္မာဖန်တီးခွင့် အပြည့်အဝရရှိရေး ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းညီနောင်ဆို

ယခုနှစ်အတွင်း ချင်းပြည်နယ် တပြည်နယ်လုံးကို စစ်ကောင်စီလက်အောက်က လွတ်မြောက်ပြီး ကိုယ့်ကြမ္မာကို ဖန်တီးခွင့် အပြည့်အဝရရှိရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ချင်းညီနောင်အဖွဲ့၏ စစ်ရေးကော်မတီတာဝန်ခံက ပြောသည်။

ယမန်နေ့ ဧပြီလ ၂၄ ရက် ကျရောက်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်၏ တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ်ဖြစ် ပြောကြားသော မိန့်ခွန်းတွင် ချင်းညီနောင်အဖွဲ့၏ စစ်ရေးကော်မတီ ဥက္ကဌလည်းဖြစ်၊ CDF - မင်းတပ်၏ စစ်ဦးစီးချုပ်လည်းဖြစ်သူ ထန်းချွမ်ဖေက ပြောသည်။

“ကျနော်တို့ ဒေသတွင်းမှာ ရှိနေကြတဲ့ ကျနော်တို့နဲ့ ချိတ်ဆက်နေကြတဲ့ ဒေသအသီးသီးမှာလည်း စစ်အာဏာရှင်စနစ်နေ လွတ်မြောက်ပြီးတော့ ကျနော်တို့ အားလုံးလိုချင်နေတဲ့ ပန်းတိုင် ကိုယ့်ကြမ္မာကို ဖန်တီးခွင့် အပြည့်အဝရှိတဲ့ ပန်းတိုင်ကို ဆက်ပြီးတော့ ချီတက်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ၅ နှစ်ပြည့်မှာတော့ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့အတွက် လာမယ့် ၁ နှစ်အတွင်းမှာလည်း ကြိုးစားပြီး တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ထန်းချွမ်ဖေက ပြောသည်။

ချင်းပြည်နယ်တခုလုံးသည် အာဏာရှင်စနစ်မှ လွတ်မြောက်ပြီး ကိုယ့်ကံကြမ္မာကို အပြည့်အဝ ဖန်တီးခွင့်ရှိသော စနစ်တခုဆီကို သွားမည်ဟု ဆိုသည်။

ဒေသတွင်း ချိတ်ဆက်နေသော နယ်မြေဒေသအသီးသီးတွင် ရှေ့ဆက်ရမည့် စစ်ဆင်ရေးများမှာ ပူးပေါင်းရဖို့ရှိနေပြီး ယင်းကြောင့် လိုအပ်နေသော လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာများ ပံ့ပိုးပေးကြရန် ပြည်သူလူထုကို CDF - မင်းတပ်က မေတ္တာရပ်ခံထားသည်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်မည့် တီးတိန်မြို့သိမ်းစစ်ဆင်ရေးအပြင် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် ထန်တလန်မြို့ စစ်ဆင်ရေးများတွင်လည်း ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းညီနောင် စစ်ရေးတာဝန်ခံက ပြောသည်။

“အခု အောင်မြင်နေတဲ့ ချင်းညီနောင် စစ်ဆင်ရေးကိုလည်း ဆက်ပြီးတော့ ဝိုင်းရံပံ့ပိုးပေးကြပါ။ ကျနော်တို့ ချင်းညီနောင်ဟာ ဆက်ပြီးတော့ ဖော်ဆောင်ရမယ့် တီးတိန်စစ်ဆင်ရေး၊ ထိုနည်းအတူပဲ ဟားခါး၊ ထန်တလန်မြို့တွေ လွတ်မြောက်ရေးအတွက်လည်း ကျနော်တို့ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ထန်းချွမ်ဖေက ပြောသည်။

CDF မင်းတပ်နှင့် ချင်းညီနောင်၊ မဟာမိတ်တပ်ဖွဲ့များသည် မင်းတပ်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက အပြီးသတ် သိမ်းပိုက်ထားပြီး လက်ရှိတွင် အုပ်ချုပ်ရေးယန္တရားများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

ချင်းလန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့များသည်လည်း ယခုနှစ်တွင် ချင်းပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်ထားပြီး ဆောင်ရွက်မည်ဟု ကြေညာထားသည်။

ချင်းပြည်နယ်တွင် ဟားခါး၊ ထန်တလန်၊ တီးတိန်းနှင့် ခိုင်ကမ်းမြို့တို့တွင်သာ စစ်ကောင်စီတပ်စခန်းများ ကျန်ရှိတော့ပြီး ကျန်ဒေသအားလုံးကို ချင်းတော်လှန်ရေးအင်အားစုများနှင့် ULA/AA တို့က သိမ်းပိုက်ထိန်းချုပ်ထားသည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...