ကောလင်းမြို့မှ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကောလင်းမြို့မှ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ဧပြီ ၁၀ ရက် ကောလင်းမြို့နယ် အင်ပင်လှကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှု။ (ဓါတ်ပုံ- Kawlin Info)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာ စစ်ဘေးရှောင်စခန်းကို ယမန်နေ့ ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီက စစ်ဘေးရှောင်များရှိရာ အင်ပင်လှကျေးရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံများက ပြောသည်။

ဗုံးကြဲခံရမှုအတွင်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးပြီး အမျိုးသမီးနှစ်ဦးနှင့် အဘိုးအိုတဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတဦးကပြောသည်။

အင်ပင်လှကျေးရွာ စာသင်ကျောင်းသည် လတ်တလော ကျောင်းပိတ်ထားသော်လည်း ထိုကျောင်းတွင် စစ်ဘေးရှောင်များ ခိုလှုံနေကြောင်း သိရသည်။

ဧပြီ ၉ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ဝန်းသိုမြို့၊ ကောလင်းမြို့တို့နှင့် ဆက်စပ်နေသော အင်းတော်မြို့တွင် ဧပြီလ ၇ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး မြို့မှ နောက်ဆုံးလက်ကျန်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များက သိမ်းယူခဲ့ပြီး မြို့ကိုပါ ထိန်းချုပ်ခဲ့သည်။

စစ်ကောင်စီ၏ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးကိုလည်း ဖမ်းဆီးထားသည်။

အဆိုပါ ၃ မြို့နယ်အပြင် ဒေသအများအပြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည်။

မတ်လ ၂၈ ရက်ကလှုပ်သည့် အင်အားပြင်းငလျင်ကြောင့် ပြည်သူများ ဘေးသင့်နေချိန် စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ပြုလုပ်‌နေပြီး မတ်လ ၂၈ ရက်မှ ဧပြီလ ၈ ရက် မွန်းလွဲပိုင်းအထိ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု ၉၂ ကြိမ်ပြုလုပ်ခဲ့သည်ဟု NUG က ဧပြီ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း ကလေးငယ် ၆ ဦးနှင့်အမျိုးသမီး ၃၀ အပါအဝင် အရပ်သား ၇၂ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

Most read this week

March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...