တရုတ်စီစဉ်မှုဖြင့် စစ်ကောင်စီကိုယ်စားလှယ် သင်္ကြန်မတိုင်မီ UWSA ထိန်းချုပ် ပန်ဆန်းမြို့ သွားရောက်ရန်ရှိ

တရုတ်စီစဉ်မှုဖြင့် စစ်ကောင်စီကိုယ်စားလှယ် သင်္ကြန်မတိုင်မီ UWSA ထိန်းချုပ် ပန်ဆန်းမြို့ သွားရောက်ရန်ရှိ
စစ်ခေါင်းဆောင်နှင့် UWSA၊ NDAA၊ SSPP/SSA ခေါင်းဆောင်များ ၂၀၂၂ ခုနှစ်အတွင်း နေပြည်တော်၌ တွေံဆုံခဲ့စဉ်။
စစ်ခေါင်းဆောင်နှင့် UWSA၊ NDAA၊ SSPP/SSA ခေါင်းဆောင်များ ၂၀၂၂ ခုနှစ်အတွင်း နေပြည်တော်၌ တွေံဆုံခဲ့စဉ်။

သျှမ်းပြည် ‘ဝ’ဒေသအတွင်း UWSA ထိန်းချုပ် ပန်ဆန်းမြို့သို့ တရုတ်နိုင်ငံ၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များ သင်္ကြန်မတိုင်မီ သွားရောက်တွေ့ဆုံရန် ရှိနေကြောင်း စုံစမ်းသိရသည်။

ဧပြီလ ၁၃ ရက်တွင် စတင်မည့် သင်္ကြန်ကာလ မတိုင်မီတွင် UWSA ထိန်းချုပ် ‘ဝ’ ဒေသ ပန်ဆန်းမြို့သို့ တရုတ်အာဏာပိုင်များ၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များ သွားရောက်ဆွေးနွေးရန် ရှိနေကြောင်း ဝါရင့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“သင်္ကြန်မတိုင်ခင် တရုတ်ရဲ့ စီစဉ်ပေးမှုနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ပန်ဆန်းသွားဖို့ ရှိတယ်။ ‘ဝ’ တစ်ဖွဲ့တည်းနဲ့ တွေ့မလား၊ FPNCC ထဲက ၇ ဖွဲ့စလုံးနဲ့ တွေ့မလား အသေးစိတ် မသိရဘူး။ စကစဘက်က ကိုယ်စားလှယ် ဘယ်သူ့ကို လွှတ်မလဲဆိုတာလည်း မသိရဘူး” ဟု ၎င်းဝါရင့် တော်လှန်ရေးရဲဘော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မကြာမီ ရက်ပိုင်းအတွင်း ကျရောက်မည့် သင်္ကြန်ကာလသည် ရက်အနည်းငယ်ခန့်သာ ကျန်ရှိနေပြီး လတ်တလော လားရှိုးမြို့မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေစဉ် တရုတ်၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များ UWSA ထိန်းချုပ် ပန်ဆန်းမြို့သို့ သွားရောက်မည့် ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အလားတူ လာမည့် ဧပြီလ (၂၂) ရက်တွင် တရုတ်၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် တရုတ်၏ ဖိအားပေးမှုကြောင့် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေပြီး သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ဖြစ်သည့် ဧပြီလ (၁၇) ရက်အထိ အချိန်ပေးထားကြောင်း ဒေသခံများ ပြောဆိုနေကြသည်။

လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာသွားပါက စစ်ကောင်စီတပ်နှင့်အတူ ‘ဝ’ တပ်ဖွဲ့ UWSA လည်း ထပ်မံဝင်ရောက်လာပြီး ကျန်းမာရေးကဲ့သို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဆက်လက်စုံစမ်းနေသည်။

ယမန်နှစ် ၂၀၂၄ ဇူလိုင်လ ၂၇ ရက်မှ စတင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ရှိ ‘ဝ’ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ ‘ဝ’ တပ်ဖွဲ့ UWSA လားရှိုးမြို့ပေါ်သို့ ပထမဆုံး ဝင်ရောက်တပ်စွဲခဲ့ပြီး တန့်ယန်းမြို့တွင်လည်း အလားတူ ဝင်ရောက်နေရာယူထားသည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...