ဧရာ၀တီတိုင်း ငသိုင်းချောင်းနှင့် လေးမျက်နှာအစပ်နေရာများကို စစ်ကောင်စီဗုံးကြဲ (ငသိုင်းချောင်းမြို့အနီး နေရာအချို့မှာ တိုက်ပွဲဆက်ဖြစ်နေ)

ဧရာ၀တီတိုင်း ငသိုင်းချောင်းနှင့် လေးမျက်နှာအစပ်နေရာများကို စစ်ကောင်စီဗုံးကြဲ (ငသိုင်းချောင်းမြို့အနီး နေရာအချို့မှာ တိုက်ပွဲဆက်ဖြစ်နေ)

ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းမြို့နှင့် လေးမျက်နှာမြို့နယ်အစပ် ကျေးရွာနှစ်ရွာ အနီးဝန်းကျင်ကို စစ်ကောင်စီလေတပ်က မတ်လ ၁၈ ရက် ညနေ ၆ နာရီခန့်က ဗုံး ၃ လုံးလာကြဲချသွားခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ဗုံးချတာက မှန်တန်းရွာနဲ့ ဝက်ကုန်းရွာနေရာ အနီးဝန်းကျင်းကို ဗုံး ၃ လုံး လာချသွားပါတယ်။ မနေ့က ညနေ ၆ နာရီလောက်မှာပါ။ ဒီငသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ် အစပ်နေရာတွေက စစ်ရေးတင်းမာနေတဲ့ နေရာတွေပါ။ အထိအခိုက် ရှိ/မရှိတော့ သတင်းမရရှိသေးပါ” ဟု ပြောသည်။

လေးမျက်နှာမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) ဦးဆောင်သည့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း ငသိုင်းချောင်းမြို့အနီးရှိ ရိုးမအစပ်နေရာတွင်များတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု သိရသည်။

“ငသိုင်းချောင်းမြို့ ရဲ့  ရိုးအစပ်နေရာတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ မနေ့ ညနေက ဆိုရင်လည်း သဲဖြူ၊ သစ်ကယ်ကျင်း၊ ကင်းပွန်းချဉ်နဲ့ ကျားကိုက်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ စစ်ကောင်စီတပ်ကလည်း အမြောက်တွေထုတယ်။ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ ရှိနေတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသည် ငသိုင်းချောင်းမြို့ အမှတ် (၃၄၄) အမြောက်တပ်ရင်းနှင့် အနီးဝန်းကျင်းတွင်ဖြစ်င်္ပြး အဆိုပါ နေရာများတွင် မတ်လ ၁၂ ရက်နေ့က စပြီး တိုက်ပွဲများ ပြန်ဖြစ်နေပြီး ပြင်းထန်နေသည်ဟု သတင်းရရှိသည်။

ဧရာ၀တီတိုင်း၊သာပေါင်းမြို့မှ ၂၅ မိုင်ခန့်အကွာ သာပေါင်းလေး၊ကင်းပွန်းချဉ်နှင့် ကျားခေါင်းတို့တွင်အာရက္ခတပ်တော်( AA) ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြားယခုလ ၁၂ ရက်နေ့ ညနေကစပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲသည် ပိုမိုကျယ်ပြန့်လာနေပြီး မတ်လ ၁၃ ရက်နေ့လယ်ပိုင်းတွင်  သာပေါင်းလေး၊ ကျားကိုက်နှင့် သဲဖြူဘက်တွင် ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသအတွင်းက စစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

၎င်းဒေသသတင်းရင်းမြစ်က “အခုတိုက်တိုက်ပွဲဖြစ်တဲ့နေရာတွေက ဘောမိနဲ့ သာပေါင်းမြို့အကြားနေရာတွေမှာ ဖြစ်နေကြတာ။ သာပေါင်းကဆိုရင် ၂၅ မိုင်လောက်ဝေးတဲ့ သာပေါင်းလေး၊ ကင်းပွန်းချဉ်နဲ့ ကျားခေါင်းတို့ ဖြစ်နေကြတာ။ ဒီလ ၁၂ ရက် ညနေ ၃ နာရီကနေ စဖြစ်နေတာ။ ၁၃ ရက်နေ့လယ်မှာတော့ ကျားကိုက်၊ သဲဖြူဘက်ထိ ကျယ်ပြန့်လာတယ်” ဟု ပြောသည်။

၎င်းတိုက်ပွဲများအတွင်း စစ်ကောင်စီက ဗုံးကြဲလေယာဉ်များ၊ ရဟတ်ယာဉ်များကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Most read this week

ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...
August 25, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ...
ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...