မြောင်မြို့နယ် ပန်းညိုရွာ၌တိုက်ပွဲဖြစ်၊ ရွာအတွင်း စစ်ကောင်စီတပ်စွဲ

မြောင်မြို့နယ် ပန်းညိုရွာ၌တိုက်ပွဲဖြစ်၊ ရွာအတွင်း စစ်ကောင်စီတပ်စွဲ

မတ်လ ၁၂ ရက်နေ့ ညနေပိုင်းနှင်ညပိုင်းများတွင် စစ်ကောင်စီတပ်ဖွဲ့က ပန်းညိုကျေးရွာကို မီးရှို့နေသည်ကို အဝေးမှ တွေ့ မြင်ရစဉ်။ (ဓါတ်ပုံ – ပေးပို့)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ပန်းညိုကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ရွာ၌ တပ်စွဲထားကာနေအိမ်များကို မီးရှို့ဖျက်စီးနေသည်။

မတ်လ ၁၁ ရက်နေ့က ရေလမ်းမှ တဆင့် စစ်သင်္ဘောတစီး၊ဖလပ်သံခွန်တစီးဖြင့်ဝင်ရောက်လာသေ စစ်ကြောင်း‌နှင့် ရေစကြိုနယ်ဘက်မှအင်အား ၁၅၀ ခန့် ပါ စစ်ကြောင်းနှစ်ကြောင်းသည်ပန်းညိုရွာသို့ မတ်လ ၁၂ ရက်နေ့ တွင် ဝင်ရောက်လာခြင်းဟု သိရသည်။

စစ်ကောင်စီစစ်ကြောင်းပန်းညိုရွာကို ဝင်ရောက် ရန်ကြိုးစားချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်သင်္ဘောက တော်လျှောက်ပစ်ကူပေးပြီး ဝင်လာတာဆိုတော့ ကာကွယ်ရေးတပ်ဖွဲ့ တွေက ၁၁ ရက်နေ့ က တည်းကဆုတ်ပေးလိုက်ရတာ” ဟုမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) ခေါင်းဆောင် ကိုနွေဦးက ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က မတ်လ ၁၂ရက်နေ့ ညနေ ပိုင်းမှ စတင်၍ ဒေသခံများ၏ အိမ်များကိုမီးရှို့ဖျက်စီးနေကြောင်း ကိုနွေဦးက ပြောသည်။

“ရွာလယ် ကနေစပြီး ရွာတောင်ပိုင်းအထိ ရှို့တာ မနေ့ က ညပိုင်းအထိ ကို ရှို့နေတာ။ ဒီမနက် မှာတော့ ထပ်ရှို့တာမတွေ့ ရသေးဘဲ စစ်ကြောင်းက ငြိမ်နေတယ်” ဟု ၎င်းက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ သည် ပန်းညိုရွာအတွင်း တပ်စွဲထားပြီး ထိုနေရာမှ ထွက်ခွာပါက ရွာတောင်ဘက် ရေစကြိုနယ်ဘက်နှင့် မြောက်ဘက် မြောင်မြို့နယ်ဘက်သို့လည်း ထွက်လာနိုင်သည့်အတွက် သတိထားစောင့်ကြည့်နေရကြောင်း ဒေသခံတဦးက ပြောသည်။

ပန်းညိုကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး စစ်ကောင်စီက ၂၀၂၂ ခုနှစ်တွင် နှစ်ကြိမ် ၊ ၂၀၂၃ ခုနှစ်တွင် နှစ်ကြိမ် မီးရှို့ခဲ့စဉ် အိမ်၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။ ဒေသခံများအတွက် အကူအညီများလိုအပ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ပန်းညိုကျေးရွာသို့ ရောက်ရှိနေသည့်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှစတင်၍ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသို့ ဝင်ရောက်ခဲ့သည့် စစ်ကြောင်းဖြစ်သည်။ ထိုစစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်နေသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်ကြီးအပါအဝင် ကိုးဦးသေဆုံးပြီး ကိုးဦးဖမ်းဆီးနိုင်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၉)၊Myingyan Black Tigerအဖွဲ့က ထုတ်ပြန်ထားသည်။

ဒေသတွင်း၌ လက်ရှ်ိစစ်ရေးတင်းမားနေချိန်တွင် ဒေသခံပြည်သူများအနေဖြင့် မြေပြင်စစ်ကြောင်းအန္တရာယ်၊ လေကြောင်းနှင့်လက်နက်ကြီးအန္တရာယ် အထူးသတိပြုကြရန် မြင်းခြံခရိုင်တပ်ရင်း(၉)တပ်ရင်းမှူးဗိုလ်မိုက်ခဲက သတိပေးသည်။

April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...
April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...