စေတုတ္တရာ ဗုံးကြဲခံရ၍ ကလေးငယ် အပါ လူ ၈ ဦးသေဆုံး

စေတုတ္တရာ ဗုံးကြဲခံရ၍ ကလေးငယ် အပါ လူ ၈ ဦးသေဆုံး
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီ၏ စက်တပ်လေထီးဖြင့် ဗုံးကြဲခံရပြီးနောက်မြင်ကွင်း (ဓာတ်ပုံ – ပေးပို့)
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီ၏ စက်တပ်လေထီးဖြင့် ဗုံးကြဲခံရပြီးနောက်မြင်ကွင်း (ဓာတ်ပုံ – ပေးပို့)

မကွေးတိုင်း စေတုတ္တရာမြို့နယ် မုံညှင်းကျေးရွာအနီး ရှိ တောင်သူများ စုဝေးနေထိုင်သော တဲအိမ်စုကို စစ်ကောင်စီတပ်ဖွဲ့က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၃ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၃ နာရီ ၁၈ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့မှ စက်တပ်လေထီးများဖြင့် နှစ်ကြိမ် ဗုံးကြဲချခြင်းဖြစ်ကြောင်း ဒေသခံတဦးမှ ပြောသည်။

“မနက်အစောကြီးချတာဆိုတော့ တမင်ချတာ ပါရာမော်တာနဲ့ပစ်တာပထမအကြိမ် တလုံး၊ နောက်နှစ်လုံး၊ အကိုအဲ့နေရာတွေက အရင်ကလည်း တောင်သူတွေ အဲ့အတိုင်းပဲနေကြတာ” ဟုဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ စက်တပ်လေထီးများဖြင့် ဗုံးကြဲချမှုကြောင့် သေဆုံးသူများမှာ မယမင်းဦး (၂၃) နှစ် ၊ နန်းဝေအောင် (၁၉ နှစ်) ၊ ဒေါ်ဌေးဌေး (၅၃ နှစ်) ၊ ဦးဟန်ဌေး (၅၃ နှစ်) ၊ ဒေါ်စန်းညွှန့် (၄၈ နှစ်) ၊ မနန်းမူ (၃၀ နှစ်)၊ သုတဇော် (၁၀ နှစ်) ၊ ချောအိသူ (၃ နှစ်) တို့ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ပြုလုပ်ထားသည့် စာရင်းများအရ သိရသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း နောက်ထပ်ပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးထက်မနည်း ပျက်စီသွားကြောင်း သိရသည်။

ယင်းအပြင် ပြည်သူများ မွေးမြူထားသည့် နွား အကောင်ရေ ၂၀ ကျော်လည်း ဗုံးကြဲချမှုကြောင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယခုကာလသည် တောင်သူများ စိုက်ပျိုးရေးလုပ်ချိန်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် တောင်သူလယ်သမားများသည် ၎င်းတို့လုပ်ငန်းခွင်ရှိရာ လယ်လုပ်ကွက်များတွင် တဲများဖြင့် စုဖွဲ့နေထိုင်ကြခြင်းဖြစ်ရာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်သည်။

မကွေးတိုင်းအတွင်းရှိ မြို့နယ်များတွင် မကွေးမြို့ လေတပ်စခန်းမှ တက်လာသည့် ပါရာမော်တောများဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာနေသည့်အတွက် ပြည်သူများ သတိဖြင့် ဂရုပြုနေထိုင်ကြရန်အတွက်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 27, 2026
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဂျိတ်လွယ်ကျေးရွာအနီး မြေရှားသတ္တု တူးဖော်နိုင်ရေး ကြိုးပမ်းလုပ်...
စစ်မှုထမ်း အမှတ်(၄) သင်တန်းသားများအား မြင်တွေ့ရစဥ်(MOI)
June 26, 2026
ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့သို့ ခရီးသည်တင်ကားများဖြင့် လာသည့် လူငယ်၊ လူရွယ်...
June 25, 2026
ကချင်ပြည်နယ်၊ ရွှေကူခရိုင်အတွင်း နေထိုင်ကြသည့် ဒေသခံများနှင့် လုပ်ငန်းရှင်များအနေဖြင့်...