AA သိမ်းပိုက်ရန် ကျန်နေသေးသည့် ရခိုင်က မြို့ ၃ မြို့တွင် လုံခြုံရေးအထူးတိုးမြှင့်ပြီးနောက် မာန်အောင်မြို့နယ်တွင် ငါးဖမ်းခွင့်ကို ထပ်မံတင်းကျပ်ပိတ်ပင်လာ

AA သိမ်းပိုက်ရန် ကျန်နေသေးသည့် ရခိုင်က မြို့ ၃ မြို့တွင် လုံခြုံရေးအထူးတိုးမြှင့်ပြီးနောက် မာန်အောင်မြို့နယ်တွင် ငါးဖမ်းခွင့်ကို ထပ်မံတင်းကျပ်ပိတ်ပင်လာ

အာရက္ခတပ်တော် (AA) သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် ရခိုင်က မြို့ ၃ မြို့တွင် စစ်ကောင်စီက လုံခြုံရေးကို အထူးတင်းကျပ်လာပြီးနောက် မာန်အောင်မြို့နယ်တွင် ငါးဖမ်းခွင့်ကို အထူးတင်းကျပ် ပိတ်ပင်လာသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် မာန်အောင်မြို့နယ်ကို စစ်ကောင်စီမှ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွင့်ကို ယခု ဖေဖော်ဝါရီလအတွင်း တင်းကျပ်စွာ ပိတ်လိုက်သည့်အတွက် နယ်ဒေသခံ ၇၅ ရာခိုင်နူန်းခန့်မှာ စားဝတ်နေရေးကျပ်တည်းမှုနှင့် ဆိုးဝါးစွာ ရင်ဆိုင်နေကြရသည်ဟု မာန်အောင်ဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဒီလအတွင်းကစပြီး လုံးဝ မထွက်ရတော့တာ။ အစတုန်းက ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာတို့ လက်မှတ်တို့ပါရင် ထွက်လို့ရသေးတယ်။ အခု လုံးဝမရတော့ဘူး။ ကျနော်တို့ မာန်အောင်မှာက ငါးဖမ်းလို့ မိသားစုစားဝတ်နေရေး ဖြေရှင်းနေရတာ။ တခြားအလုပ်လုပ်တာက နည်းပါတယ်။ အခု နယ်ခံတွေ တအားကျပ်တည်းနေကြတယ်။ အရင်ကထက် ကျပ်တည်းလာတယ်" ဟု ပြောသည်။

ငွေကြေးကျပ်တည်းမှုအပြင် ကုန်ဈေးနူန်းကြီးမားမှု၊ ဆေးဝါး‌ဈေးမြင့်တက်မှုတို့ကြောင့် ကျန်းမာရေးနှင့်ပက်သက်လာလျှင်လည်း ဆေးဝါးမဝယ်နိုင်သည့်အတွက် အခက်အခဲရှိလာကြသည်ဟု  မာန်အောင်ဒေသခံ နောက်ထပ်အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ဝင်ငွေမရှိတော့ ကျန်းမာရေးပိုင်းမှာ အထူးခက်ခဲနေကြရတယ်။ ဆေးမဝယ်နိုင်၊ ဆေးက ဈေးကြီးတာကတမျိုး။ ဆေးရုံ၊ ဆေးခန်းလည်း မပြနိုင်တော့ စစ်မဖြစ်ဘဲ ဒုက္ခခံနေရတယ်" ဟု ပြောသည်။

မြို့ပေါ်တွင် စစ်တပ် ခရိုနီအသိုင်းတခုထဲသာ ရန်ကုန်သို့ ကုန်ရောင်းကုန်ဝယ်ပြုလုပ်နိုင်ပြီး ဈေးများမှာလည်း တစ်ရက်ထက်တစ်ရက် အဆမတန်မြှင့်တင်ထားကြောင်း သိရသည်။

"ရန်ကုန်ကလာတဲ့ ပစ္စည်းတွေ အဆမတန်ဈေးကြီးတယ်။ ပိုက်ဆံရှိတဲ့သူတွေ စစ်တပ်နဲ့နီးစပ်တဲ့သူတွေပဲ ရောင်းကြတာများတယ်။ ပစ္စည်းတွေကို ၃ ဆ ၄ ဆလောက် တင်ရောင်းကြတယ်" ဟု ပြောသည်။

မာန်အောင်ကျွန်း၏  ဒေသခံ ၇၅ ရာခိုင်နုန်းမှာ ဝင်ငွေမရှိသဖြင့် စားဝတ်နေရေးကျပ်တည်းလာသည့်အပြင်  စစ်ကောင်စီမှ ပြည်သူ့စစ်သင်တန်းပေးရန် ဒေသခံများအား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် စည်းရုံးခိုင်းနေသဖြင့် စိုးရိမ်နေကြရကြောင်း ဒေသခံများကပြောသည်။

ရခိုင်တွင် AA သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့ (၃) မြို့သာကျန်ရှိပြီး မာန်အောင်မြို့သည် တိုက်ပွဲ လုံး၀ မဖြစ်ပွားဖူးသည့်မြို့ဖြစ်ကာ စစ်ကောင်စီမှ ရေတပ်နှင့် ကြည်းတပ်ကို အင်အားဖြည့်တင်း၍ အပြည့်အဝထိန်းချုပ်ထားသည့် မြို့တမြို့လည်းဖြစ်သည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...