အမေရိကန်အကူအညီတချို့ ယာယီရပ်ဆိုင်းလိုက်တာကြောင့် ကရင်နီပြည်တွင်းက လူသုံးသောင်းခွဲ ထိခိုက်နစ်နာမှုရှိလာ

အမေရိကန်အကူအညီတချို့ ယာယီရပ်ဆိုင်းလိုက်တာကြောင့် ကရင်နီပြည်တွင်းက လူသုံးသောင်းခွဲ ထိခိုက်နစ်နာမှုရှိလာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သမ္မတဖြစ်ပြီးနောက်ပိုင်း ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေက တချို့ကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။ အခုလိုရပ်ဆိုင်းလိုက်တာကြောင့် ကရင်နီပြည်တွင်းမှာရှိတဲ့ လွိုင်ကော်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် နဲ့ မယ်စဲ့မြို့နယ် စတဲ့ မြို့နယ် (၅) မြို့နယ်မှာရှိတဲ့ လူဦးရေ သုံးသောင်းခွဲကို ထိခိုက်နစ်နာသွားစေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှုး (၂) ဆရာ ဗညားက ကန္တာရဝတီတိုင်း (မ်) ကို အခုလို ပြောပါတယ်။

“လူသားချင်း စာနာထောက်ထားမှုအကူအညီနဲ့ ပတ်သက်ရင်တော့ IEC ကို တော့ စားနပ်ရိက္ခာ တိုက်ရိုက်ထိတာတော့ မဟုတ်ဘူး။ ဒါပေမယ့် EWER (Early Warning Early Response) မှာတော့ ထိခိုက်တာရှိတယ်။ တခြားအရပ်ဖက်အဖွဲ့အစည်းတွေမှာ တချို့ Humanitarian နဲ့ ပက်သက်တဲ့ Budget တွေကတော့ Self-spend ပဲ ပြောပြော Cash ပဲပြောပြော ထိတာတွေတော့ ရှိပါတယ်။ အခု ကျနော်တို့ လိုက်ပြီးတော့မှ အချက်အလက်တွေ စုထားတယ်ပေါ့နော်။ အကြမ်းအားဖြင့်တော့ လောလောဆယ် လူသုံးသောင်းခွဲ ကိုတော့ ထိခိုက်နစ်နာမှုတွေ ရှိတယ်။ မြို့နယ် (၅) မြို့နယ်မှာဆိုပြီးတော့ ကျနော်တို့ အကြမ်းဖျင်းရထားတာ ရှိတယ်” လို့ ဆရာဗညား က ပြောပါတယ်။

အကူအညီတွေ တချို့ရပ်ဆိုင်းသွားပေမယ့်လည်း ဆက်လက်ပြီး နိုင်ငံတကာရဲ့ အကူအညီတွေ၊ အထူးသဖြင့် လူသားခြင်း စာနာထောက်ထားမှု အကူအညီတွေ ဆက်လက်ရရှိနိုင်အောင် အဘက်ဘက်က ဝိုင်းဝန်းကြိုးစားနေတယ်လို့ ဆရာဗညားက ဆက်ပြောပါတယ်။

တော်လှန်ရေးကာလတစ်လျှောက် စစ်ရှောင်အရေးကို ပါဝင်လှုပ်ရှားနေတဲ့ နွေဦးဂုရုလေးများအဖွဲ့က သူတို့နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတချို့ ရပ်သွားတာကြောင့် အရင်ကထက် ပိုပြီးခက်ခဲလာနိုင်တယ်လို့ စီမံဘဏ္ဍာတာဝန်ခံ ကိုတင့်က အခုလို ပြောပါတယ်။

“အဓိကအပိုင်းတွေ ရပ်သွားတယ်။ လေကြောင်းရန် ကာကွယ်ရေး အပိုင်းတွေ ရပ်သွားတယ်။ ကျနော်တို့နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေ လုပ်နေတဲ့ ဥပမာ စာသင်ကျောင်းတွေမှာ ပုန်းခိုကျင်းတွေ လုပ်နေတဲ့ဟာတွေ အဲ့ကိစ္စတွေ ရပ်သွားတယ်။ ပြီးတော့ ဆေးရုံ၊ ဆေးခန်းတွေပေါ့။ ကျနော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကနေပြီးတော့ ဆေးပေးတဲ့ဟာတွေ ရှိတယ်။ အဲ့ဆေးတွေ အကုန်လုံးက ရပ်သွားတယ်။ ပြီးတော့ အဲ့ဆေးရုံ၊ ဆေးခန်းတွေကို professional fee တွေရှိတယ်၊ပေးတဲ့ဟာတွေ ရှိတယ်။ အဲ့ဟာတွေ အကုန်ရပ်သွားတယ်။ ပိုပြီးကြပ်တည်းသွားတဲ့ အ‌ခြေအနေတွေ ဖြစ်တယ်။ ပြိုလဲသွားတဲ့အခြေအနေတော့ မဟုတ်ဘူး။ ဒါပေမယ့် လူတွေက ပိုပြီးတော့ ခက်ခဲသွားတဲ့ အခြေအနေလို့ ပြောလို့ရတယ်” လို့ ကိုတင့်က ပြောပါတယ်။

တော်လှန်ရေး ၄ နှစ်သာအတွင်း တောင့်ခံလာတဲ့ အခြေအနေတွေကို အခုကြုံတွေ့ရတဲ့ အခက်အခဲတွေကြောင့် စိတ်ဓတ်မကျဖို့နဲ့၊ ပြည်သူလူထုတွေ အားလုံးနဲ့အတူတူ ပူးပေါင်းဆောင်ရွက်ပြီး အကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်ကြောင်းကိုလည်း IEC ရဲ့ အတွင်းရေးမှုး (၂) ဆရာဗညားကတော့ အခုလိုပဲ ဆက်လက်ပြောဆိုထားပါတယ်။

“သေချာတာတစ်ခုကတော့ ကျနော်တို့ကတော့ ဆက်ပြီးတော့မှ နိုင်ငံတကာရဲ့ အကူအညီတွေ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီကို ဆက်ပြီးတော့မှ ရှာကြံဖို့ ဝိုင်းပြီးတော့မှ ကြိုးစားနေတယ်။ အဲလို ကြိုးစားတဲ့ နေရာမှာ IEC နဲ့ Humanitarian လုပ်နေတဲ့ အရပ်ဖက်ကြားမှာ တွေ့ဆုံညှိနှိုင်းမှုလေးတခုလေးတော့ ပြီးသွားပြီပေါ့နော်။ အခုအဲ့တာကို အခြေခံပြီးတော့မှ ကျနော်တို့ Fundaring Strategy ကိုလည်း စပြီးတော့မှ လုပ်နေတာ ရှိပါတယ်။ ကျနော်တို့ မျှော်လင့်တာက အခုဏပြောသလို ဆုံးရှုံးသွားတဲ့ ငွေပမဏ ပြန်မရသည့်တောင်မှ စားနပ်ရိက္ခာအတွက် ဖူလုံနိုင်အောင်လို့ ကျနော်တို့ ဆက်ကြိုးစားရမှာပေါ။ ဒီဟာကတော့ အားလုံးရဲ့ တာဝန်တစ်ခုလည်းဖြစ်တယ်။ IEC မကဘူး။ အရပ်ဖက်အဖွဲ့အစည်းမှာကော အတူတကွပေါ့။ ယှဉ်တွဲရမယ့် တာဝန်တော့ ရှိလာတာပေါ့နော်” လို့ ဆရာဗညားက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာလည်း ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကော်မတီ (IRC) လက်အောက်က ကျန်းမာရေးဝန်ဆောင်မှု

လုပ်ငန်းအားလုံးကို ယာယီရပ်ဆိုင်းလိုက်ပြီး လူနာတွေကို နေအိမ်ပြန်လွတ်စေခဲ့ပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းမှုကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေ သုံးသိန်းဝန်းကျင်အထိ ရှိနေဆဲဖြစ်ပြီး တချို့မှာ နီးစပ်ရာ တောင်ယာ၊ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ရှာဖွေဖြေရှင်းနေကြသလို လိုအပ်ချက်တွေလည်း များစွာရှိနေဆဲဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီကနေ သိရှိရပါတယ်။

၂၀၂၅ခုနှစ် သြဂုတ်လအတွင်း ရှမ်းပြည်တောင်ပိုင်းက နောင်ဗိုလ်ကျေးရွာကို PNO မိးရှို့မှုကြောင့် နေအိမ် မီးလောင်စဉ် (ဓါတ်ပုံ - PNLA )
January 20, 2026
ရှမ်းပြည်တောင်ပိုင်း ၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စုမှာရှိတဲ့ ခြိင်းနင် ကျေးရွာကို...
ကရင်နီပြည်က အကျဉ်းထောင်တနေရာကို တွေ့ရစဉ် (ပုံဟောင်းအသုံးပြုထားသည်။)
January 19, 2026
ကရင်နီပြည် ၊ သံလွင်အရှေ့ခြမ်းက အကျဉ်းထောင်တခုမှာ မနေ့က ဇန်နဝါရီလ ၁၈ ရက်၊ မနက်စောပိုင်းက...
January 17, 2026
ရှမ်းပြည်တောင်ပိုင်း- ကရင်နီပြည် နယ်စပ်က ကျေးရွာခံအချို့နဲ့ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့...
ဓါတ်ပုံ - ထွန်းမြန်မာဒိုနေးရှင်း
January 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က ကျေးရွာတနေရာအနီးအနားကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စစ်ကော်မရှင်တပ်က...